Myanmar Zawgyi Keyboard for Nokia - Symbian

​မင်္ဂ​လာ​ပါ
Nokia Zawgyi Keyboard

Symbian ​သုံး​ဖုန်း​ဖြစ်​တဲ့ Nokia ​ဖုန်း​တွေ​မှာ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​သစ် ​ရ​ပါ​ပြီ။ ​အ​စော​ပိုင်း​က​တော့ Opera Mini ​မှာ ​မြန်​မာ​လို ​မြင်​ရ​အောင် ​လုပ်​ထား​ကြ​တော့ Web Text Editor ​လေး​နဲ့ Opera Mini ​ထဲ​မှာ​ပဲ ​ဇော်​ဂျီ​ကို ​ရိုက်​လို့​ရ​အောင် ​လုပ်​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ကျွန်​တော် Responsive ​အ​နေ​နဲ့ ​မ​ရေး​ခဲ့​တော့ ​ဖုန်း​အ​နေ​အ​ထား​ပေါ်​မူ​တည်​ပြီး ​အ​ဆင်​မ​ပြေ​ဖြစ်​တာ ​များ​ပါ​တယ်။
​ဟိုး ​အ​ရင်​က​လည်း Nokia ​ဖုန်း​တွေ​အ​တွက် ​ကီး​ဘုတ်​တစ်​မျိုး ​ထွက်​ခဲ့​ပါ​သေး​တယ်။ ​ဒါ​ပေ​မယ် ​ထည့်​ဖို့​ရာ ​သိပ်​အ​ဆင်​မ​ပြေ​ပါ​ဘူး။ ​ဖုန်း​ကို Hack ​ထား​မှ ​ထည့်​လို့​ရ​ပါ​တယ်။ Hack ​ထား​ရင်​တောင်​မှ ​မူ​လ​ရှိ​ပြီး​သား ​ကီး​ဘုတ်​နေ​ရာ​မှာ ​အ​စား​ထိုး​ခွင့် ​မ​ပေး​တာ​မျိုး​လည်း ​ရှိ​ပါ​တယ်။
​ယ​ခု​နည်း​က​တော့ ​ကျွန်​တော် ​တ​ရုတ်​ဆော့ဖ်​ဝဲလ် Baidu Input ​ရဲ့ Skin ​ကို​သာ ​ဆွဲ​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​ဖုန်း​ကို Hack ​ထား​ဖို့​လည်း ​မ​လို​ပါ​ဘူး။ Baidu Input ​ဆော့ဖ်​ဝဲလ်​ကို​သွင်း​ပြီး ​ကိုယ်​ဆွဲ​ထား​တဲ့ ​ဇော်​ဂျီ​ကီး​ဘုတ် Skin ​ကို ​၎င်း Baidu Input ​မှာ ​ရွေး​ပေး​လိုက်​ရုံ​ပါ​ပဲ။
​ထည့်​သွင်း​နည်း
​လို​အပ်​သော File ​များ​ကို Download ​လုပ်​လိုက်​ပါ။Zip ​ကို​ဖြေ​ပြီး  ​ပြီး​နောက် Memory ​ထဲ​သို့ ​ကူး​ထည့်​ပါ။


Zip ​တွင် Password ​ပါ​ခဲ့​​ပါ​က nweyoe ​ဖြစ်​သည်
​အ​ဆင့် ၁ ။    ။ Baiduinput_symbian3_v5_v3.1_1000e.sisx ​ကို ​ဖုန်း​ထဲ​၌Install ​လုပ်​ပါ။
​အ​ဆင့် ၂ ။    ။ C:\baidu\input\touchskin ​ထဲ​သို့ Zawgyi-Keyboard.bds ​ကို Copy ​ကူး​ထည့်​ပါ။ ( ​ဒီ​တိုင်း​ထည့်​မ​ရ​လျှင် X-plore ​ကို​သုံး​၍​ထည့်​ပါ။ X-plore ​အ​ကြောင်း ​ဤ​နေ​ရာ​တွင် ​ရှင်း​ပြ​မ​နေ​တော့​ပါ။ )
​ဒီ​အ​ဆင့်​ထိ​က​တော့ ​ဆော့ဖ်​ဝဲလ်​ထည့်​ခြင်း ​ပြီး​ပါ​ပြီ။
​ဇော်​ဂျီ​ကီး​ဘုတ် ​ပြောင်း​နည်း
Application Menu ​ထဲ​မှ Du ​ဆို​သော Icon ​လေး​ကို ​ဖွင့်​ပါ။ ​တ​ရုတ်​လို​တွေ ​ပေါ်​လာ​ပါ​လိမ့်​မယ်။
​နံ​ပါတ် ၁ ​ကို​ရွေး​ပါ။
​နံ​ပါတ် ၁ ​ကို​ရွေး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကို ​ရွေး​ပါ။ ​နောက်​တစ်​ခု ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး​တ​ရုတ်​စာ ​ပါ​တာ​ကို ​ရွေး​ပါ။ ( AknFEP ​သည် ​မူ​လ ​ကီး​ဘုတ်​ဖြစ်​သည် )



​နောက်​သို့ ​ပြန်​ထွက်​ပါ။
​နံ​ပါတ် ၄ ​ကို​ရွေး​ပါ။
​နံ​ပါတ် ၄ ​ကို​ရွေး​ပြီး​လျှင် ​အ​ပေါ်​ဆုံး​တစ်​ခု​ကို ​ရွေး​ပါ။
​ပုံ​စံ ​ရွေး​ခိုင်း​ပါ​လိမ့်​မည်။ ​ဒု​တိ​ယ Tab ​ကို​သွား​ပါ။ Baidu-Zawgyi-Keyboard ​ကို​ရွေး​နှိပ်​လိုက်​ပါ။ Popup ​တက်​လာ​လျှင် ​အ​ပေါ်​ဆုံး ​တစ်​ခု​ကို ​ရွေး​ပေး​ပါ။ ( ​ဒု​တိ​ယ​တစ်​ခု​သည် ​ထည့်​ထား​သော Skin ​ကို Delete ​လုပ်​ခြင်း​ဖြစ်​သည်။ )




​အ​ဆင့်​ဆင့် Back ​ပြန်​သွား​၍ ​ထွက်​လိုက်​ပါ။
Message ​မှာ ​စာ​ဝင်​​ရိုက်​​ကြည့်​၊​ ​​ကီး​​ဘုတ်​​ပေါ်​​က​ ​​အ​​ဂင်္လိပ်​ ​​အ​​လံ​​လေး​​ကို​​နှိပ်​​ကြည့်​​ပါ​ဦး​။​ ​​အို​​ကေ​ ​စာ​တော့ ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​စာ​​ရိုက်​​ဖို့​​အ​​တွက်​ ​​ကီး​​ဘုတ်​ ​​သတ်​​သတ်​​ပါ​​ပဲ​။​ Font ​ကို​မြင်​ရ​ဖို့​က​တော့ Font Zoomer ​လို​မျိုး Font ​ပြောင်း​တဲ့ ​ဆော့ဖ်​ဝဲလ်​သုံး​ပြီး ​ပြောင်း​ပါ။ Zawgyi Font ​ပြောင်း​လိုက်​လျှင် ​ဖုန်း​ထဲ​၌ ​တ​ရုတ်​စာ ​မြင်​ရ​တော့​မည် ​မ​ဟုတ်​ပါ။ Baidu ​ထဲ​မှ ​နံ​ပါတ် ၄ ​ကို ​ပြန်​နှိပ်​ပြီး ​နောက်​ခံ​များ ​ပြောင်း​လဲ​နိုင်​ပါ​တယ်။ ​ပို​၍​သပ်​ရပ်​သော ​ကီး​ဘုတ်​လေး ​ရ​ပါ​လိမ့်​မယ်။







​ကဲ ​ပို​ရှင်း​သွား​အောင် FAQ ​လေး ​ဆက်​ဖတ်​လိုက်​ပါ​ဦး။
​မေး။    ။ ​ဇော်​ဂျီ​ကီး​ဘုတ်​အ​ပြင် ​ဘာ​ကီး​ဘုတ်​တွေ ​ပါ​သေး​လဲ။
​ဖြေ။    ။ ​အင်္ဂ​လိပ်​ပါ​မယ်၊ ​တ​ရုတ် Pinyin ​ပါ​မယ်။
​မေး။    ။ ​ကီး​ဘုတ်​တော့ ​မြင်​ရ​ပြီ ​ဒါ​ပေ​မယ့် ​ရိုက်​လိုက်​ရင် ​လေး​ထောင့်​တုန်း​တွေ​ပဲ ​ပေါ်​တယ်။ ​ဘာ​ဖြစ်​လို့​လဲ။
​ဖြေ။    ။ ​ဟုတ်​ကဲ့။ ​ဒါ​က ​ကီး​ဘုတ်​သတ်​သတ်​ပါ​ပဲ။ Font ​ကို​မြင်​ချင်​ရင် Font Zoomer ​လို Font ​ပြောင်း​ပေး​တဲ့ Software ​တစ်​မျိုး​ကို​သုံး​ပါ။ ​အဲ​ဒါ​ဆို​ရင် ​ဖုန်း​တစ်​ခု​လုံး​မှာ ​မြန်​မာ​လို ​ရိုက်​လို့​ရ​သွား​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​စာ​လုံး​ထပ်​ပြီး ​မ​သပ်​မ​ရပ် ​ဖြစ်​တဲ့ ​ပြ​ဿ​နာ​တော့ ​ရှိ​ပါ​တယ်။
​မေး။    ။    ​တ​ရုတ်​ဆော့ဖ်​ဝဲလ်​ကို ​ပြန်​ပြင်​ထား​တာ​ဆို​တော့ Error ​များ ​ရှိ​နိုင်​မ​လား၊ Master Reset ​ချ​မှ ​ပြန်​ဖြုတ်​လို့ ​ရ​တာ​မျိုး​ပေါ့။
​ဖြေ။    ။    ​မ​ရှိ​ပါ​ဘူး။ ​ဖြုတ်​ချင်​ရင် Baidu Input ​ကို ​အ​လွယ်​တ​ကူ​ပဲ ​ပြန်​ဖြုတ်​နိုင်​ပါ​တယ်။ ​မူ​လ​ကီး​ဘုတ် (AknFEP) ​ကို Baidu Input ​ထဲ​မှာ ​ပြန်​ရွေး​ပြီး​ရင်​ပေါ့။
​မေး။    ။    Contact ​နာ​မည်​ပြောင်း​တာ​တွေ၊ Message ​ပို့​တာ​တွေ​မှာ ​စာ​လုံး​တွေ ​မ​သပ်​မ​ရပ်​ဖြစ်​တာ​မျိုး​နဲ့ ​စာ​လုံး​ထပ်​တာ​တွေ​ရှိ​ပါ​တယ်။ ​အ​မှန်​အ​တိုင်း ​သပ်​သပ်​ရပ်​ရပ်​မြင်​အောင် ​ဘယ်​လို​လုပ်​ရ​ပါ​မ​လဲ။
​ဖြေ။    ။    ​ဇော်​ဂျီ​မှ ​မ​ဟုတ်​ပါ​ဘူး။ ​အ​ခြား ​မြန်​မာ Font ​တွေ​ထည့်​လည်း ​ဖြစ်​ပါ​တယ်။ ​အ​ခု​တွေ့​ရ​သ​လောက်​က​တော့ Symbian ​ဖုန်း​ထဲ​မှာ ​မြန်​မာ​စာ​ကို ​သပ်​သပ်​ရပ်​ရပ်​နဲ့ ​အ​မှန်​အ​တိုင်း ​မြင်​နိုင်​တာ Vibar ​ထဲ​မှာ​ရယ်၊ Nokia Car Mode ​မှာ​ရယ်၊ Blob ​ဆို​တဲ့ Blogger and Wordpress Client ​ထဲ​မှာ​ရယ်​ပါ​ပဲ။ Blogger ​တွေ​အ​တွက်​က​တော့ ​အ​ဆင်​ပြေ​တာ​ပေါ့။
​မေး။    ။ ​ဒီ​ကီး​ဘုတ်​ကို ​ပို​ကောင်း​အောင် ​လုပ်​ဖို့​ရှိ​ပါ​သ​လား။
​ဖြေ။    ။ ​ဟုတ်​ကဲ့​ဗျာ၊ ​ဒီ​ကီး​ဘုတ်​ရယ်​မှ ​မ​ဟုတ်​ပါ​ဘူး၊ ​အ​ခြား​သော ​အ​ဆင်​ပြေ​တာ​မျိုး​တွေ့​ရင်​လည်း ​လုပ်​ဖြစ်​ဦး​မှာ​ပါ​ပဲ။
​မေး။    ။ ​အဲ​ဒီ​လို​မျိုး Skin ​ကို ​ကိုယ့်​တိုင်း​ကိုယ် ​လုပ်​ကြည့်​ချင်​တယ်။ ​ရ​နိုင်​ပါ့​မ​လား။
​ဖြေ။    ။ ​ရ​တာ​ပေါ့​ဗျာ။ ​စိတ်​ပါ​လို့ ​လုပ်​ချင်​တယ်​ဆို​ရင် http://shouji.baidu.com/input/ ​ကို​သွား​ပါ။ ​လို​အပ်​တဲ့ ​ဆော့ဖ်​ဝဲလ် ( Baidu Input ​ရဲ့ Skin ​ပြောင်း​တဲ့ ​ဆော့ဖ်​ဝဲလ်) ​ကို Download ​လုပ်​ပါ။ ​ကိုယ့်​တိုင်း​ကိုယ် ​ပြု​ပြင်​တီ​ထွင်​နိုင်​ပါ​တယ်။
​ကဲ ​ကျွန်​တော်​မေး​ပြီး ​ကျွန်​တော်​ဖြေ​ထား​တာ​လေး ​ဖတ်​ပြီး​ရင်​တော့ ​သ​ဘော​ပေါက်​လောက်​ပါ​ပြီ​နော်။
​စမ်း​သပ်​ပြီး​ဖုန်း​များ။    ။ Nokia 5800 , Nokia C7-00 (Symbian Belle)
​အ​သိ​ပေး​ချင်​တာ​က​တော့
​ဒီ​ဆော့ဖ်​ဝဲလ်​ကို ​ကျွန်​တော်​ရေး​ထား​တာ ​မ​ဟုတ်​ဘူး၊ Skin ​ကို​သာ ​ပြောင်း​ထား​ခြင်း​ဖြစ်​တယ်။ ​ဒါ​ကြောင့် ​ဒီ​ဆော့ဖ်​ဝဲလ်​နဲ့ ​ပတ်​သက်​ပြီး ​ကျွန်​တော့်​ကို ​အား​နာ​ရန်၊ ​ခ​ရက်​ဒစ်​ပေး​ရန် ​လုံး​ဝ ​မ​လို​ပါ။ Skin ​အ​တွက်​က​တော့ ​ကျွန်​တော် ​မ​တတ်​တ​ခေါက် ​ပ​ညာ​နဲ့ ​အ​ချိန်​ကုန်၊ ​အိပ်​ရေး​ပျက်၊ ​လေ့​လာ​ဖို့ ​အင်​တာ​နက်​အ​သုံး​ပြု​ခ ​အ​ကုန်​ခံ​ပြီး ​လုပ်​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​အ​သိ​အ​မှတ်​ပြု​ပေး​ပါ။
​အ​ဆင်​မ​ပြေ​တာ​များ​ရှိ​ခဲ့​ရင် ​ဒီ​နေ​ရာ​က​နေ ​ဆက်​သွယ်​ပြီး ​အ​ကူ​ညီ​တောင်း​နိုင်​ပါ​တယ်။ ​
​ယ​ခု​ပို့​စ်​ကို ​တစ်​​နေ​ရာ​ရာ​မှာ ​ကူး​​ယူ​​ဖော်​ပြ​မယ်​ဆို​ရင် Source ​မှ​ကူး​​ခြင်း​ ​မ​ပြု​လုပ်​ရန်​နှင့်​ ​ပုံ​များ​​ကို​လည်း​ Download ​လုပ်​၍ ​မိ​မိ​တို့​ ​ဟို့​စ်​မှာ​သာ ​တင်​ကြ​ပါ​ရန် ​​မေ​တ္တာ​ရပ်​ခံ​အပ်​ပါ​တယ်။
​အ​ဆင်​ပြေ​ကြ​ပါ​စေ
​နွယ်​ရိုး
၂၂ / ၂ / ၂၀၁၃
First

2 comments

Write comments
Unknown
AUTHOR
December 1, 2017 at 12:40 AM delete

down ​လို့​မ​ရျ​ဖ​စ္နေ​တ​ယ္ link ​လေး​ပေး​ပါ

Reply
avatar
Nwe Yoe
AUTHOR
December 7, 2017 at 3:18 PM delete

Link ျ​ပ​န္ျ​ပ​င္ပေး​ထား​ပါ​တ​ယ္။
http://www.mediafire.com/file/xl4544e1gsv0wc0/keyboard-for-nokia.zip

Reply
avatar