ဒရုန်း နဲ့ ဗုံး
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ " ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ ဒရုန်း မရောင်းဖို့ တားမြစ် " ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ကျနော်တို့ ဝါသနာရှင်တွေကော အခြား စိတ်ဝင်စားတဲ့သူတွေပါ ဒီသတင်းကို Facebook ပေါ်မှာ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတာပေါ့။
သတင်းထဲမှာပါတဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲမှူးတစ်ဦးက ပြည်လည် ဖြေကြားထားတာတွေက အဆိုးမြင်တဲ့ဖက်ကနေ ပြန်ဖြေထားတာ တွေ့ရဖတ်ရပါတယ်။
လို့ ရဲမှူးက ဖြေကြားထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ " ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ ဒရုန်း မရောင်းဖို့ တားမြစ် " ဆိုတဲ့ သတင်းဖတ်လိုက်ရတယ်။ ကျနော်တို့ ဝါသနာရှင်တွေကော အခြား စိတ်ဝင်စားတဲ့သူတွေပါ ဒီသတင်းကို Facebook ပေါ်မှာ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြတာပေါ့။
သတင်းထဲမှာပါတဲ့ အကြောင်းအရာတွေ၊ အထူးသဖြင့် လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲမှူးတစ်ဦးက ပြည်လည် ဖြေကြားထားတာတွေက အဆိုးမြင်တဲ့ဖက်ကနေ ပြန်ဖြေထားတာ တွေ့ရဖတ်ရပါတယ်။
လို့ ရဲမှူးက ဖြေကြားထားပါတယ်။
ပထမအချက်က ဖြစ်နိုင်ပါတယ်။ ကင်မရာတပ်ထားပြီး ငြိမ်နေအောင် ပျံသန်းနိုင်တဲ့ ယာဉ်တစ်စီးဟာ လူတစ်ယောက်ရဲ့ Privacy ကို ထိခိုက်ဖို့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ကျနော့်အိမ်ထဲမှာ ကျနော် ဘာလုပ်နေလဲဆိုတာ ကင်မရာနဲ့စောင့်ကြည့် ခံနေရတယ်ဆိုတာကို ကျနော်လည်း လက်မခံနိုင်ပါဘူး။ မကြိုက်ပါဘူး။ ကျနော့်အိမ်ရှေ့မှာ ခဏလေးလွှတ်မိပါတယ်။ ဒီအပိုင်းကို တီးမိခေါက်မိ မရှိတဲ့ အိမ်အရှေ့ဖက် ဘေးအိမ်ကလူကတောင် ကင်မရာ ပါလား၊ မပါဘူးလား အမေးခံခဲ့ရဖူးပါတယ်။
နောက်တစ်ချက်ကတော့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ပါဘူးလို့ လုံးဝ ခေါင်းတွင်တွင်ရမ်းပြီးတော့ မငြင်းပါဘူး။ Transmitter (Remote) ကိုင်ထားတဲ့သူမြင်ရှု် ကျနော်တို့ဆီကလူတွေရဲ့ စိတ်ထဲမှာ ရိုက်သွင်းခံရတာက ဗုံးခွဲမယ်ဆိုတာချည်းပါပဲ။ ဒီလိုအတွေးတွေကြောင့် ဗုံးတပ်ပြီး လိုချင်တဲ့နေရာရောက်မှ ပေါက်ကွဲမှု ဖြစ်စေမယ်လို့ ရဲမှူးက ပြောသွားတာနေပါလိမ့်မယ်။ အိမ်ဝန်းထဲမှာ ကိုယ်တိုင်ဆောက်ထားတဲ့ Multicopter လေး စမ်းလွှတ်ကြည့်မိပါတယ်။ အနောက်ဖက် ဘေးအိမ်ကလူက ဗုံးခွဲမလားမေးလို့ ဒါနဲ့ခွဲရင် ကျနော်အရင်သေမှာလို့ ပြန်ပြောခဲ့ဖူးပါတယ်။
ကျနော့် မိတ်ဆွေတစ်ယောက် မှတ်ချက်ပြုထားတာလေး ဖတ်ကြည့်ပါ။
"ကျွန်တော်တို ့မြန်မာပြည်မှာ အဓိကဖြစ်နေတဲ့ ပြဿနာက သက်ဆိုင်ရာ အစိုးရဌာနတစ်ခုစီမှာ ကျွမ်းကျင်တဲ့ နည်းပညာရှင်မရိှတဲ့ ကိစ္စပဲ။ ပထမဆုံးပြောချင်တာ ကုန်ဈေးတန်းမှာ ကစားစရာ ကားကနေမီးလောင်ကျွမ်းတယ်ဆိုတဲ့ ကိစ္စ၊ AA Size ဓါတ်ခဲ ၄ လုံးကနေ ဂ လုံးထိ ထည့်ပြီးကစားရတဲ့ ကားလေးမှာ DC 6V ကနေ 12V ထိပဲရိှပါတယ်၊ ဘယ်လိုနည်းနဲ ့မှ Shock ဖြစ်ပြီး လောင်ကျွမ်းစရာမရိှပါ၊ ကျွန်တော်တို ့ငယ်ငယ်လေးကတည်းက စကားလာခဲ့တာ တခါမှ ဓါတ်ခဲကနေ လောင်ကျွမ်းမှုမဖြစ်ဖူးပါ၊ ဒီလို ကောက်ချက်ချခဲ့တဲ့ မီးသတ်ဌာနမှာ ကျွမ်းကျင်တဲ့ Electrical Engineer မရိှဘူးလို ့သတ်မှတ်ပါတယ်။
ခုဒီလိုသတ်မှတ်လိုက်တော့ Shopping Center တွေမှာ ကစားစရာ ကားလေးတွေ မတွေ ့ရတော့ပါဘူး။ အင်မတန် ဝမ်းနည်းပြီး ရှက်စရာကောင်းတဲ့ မြန်မာပြည်ရဲ ့အဖြစ်ဆိုးပါ။ ဒါက ခုမှ မဟုတ်ပါဘူး ဟိုးအရင်ကတည်း ရိှနေခဲ့တာ။ အနီးစပ်ဆုံးထိုင်းနိုင်ငံမှာ Radio Control ပျံသန်းမှုတွေအတွက် လိုင်စင်ပြုလုပ်ပေးပါတယ်။ ကွင်းတွေပြုလုပ်ပေးပါတယ်။ အစိုးရလေတပ်နဲ ့ပြည်သူ ကျောင်းသူကျောင်းသားတွေပေါင်းပြီး Radio Control လေယာဉ်ငယ်လေးတွေ မောင်းသူမဲ့ လေယာဉ်ငယ်လေးတွေ တီထွင်နေကြပါတယ်။ ဒီလို အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ထိုင်းနိုင်ငံမှာ ဗုံးတွေ ခနခန ပေါက်ကွဲတာ အဆိုပါ Drone တွေ Multicopter တွေနဲ ့ဖောက်ခွဲတယ်လို ့ကြားဖူးပါသလား။ "
အခု ပြည်တွင်းမှာ ဒရုန်းလို့ ခေါ်နေကြတဲ့ Multicopter တွေဟာ မြန်မာကျပ်ငွေ သုံးသိန်းကနေ သိန်း ၇၀ ကျော် ၁၀၀ ကျော်အထိ ပေးရပါတယ်။ သောင်းဂဏန်းနဲ့ တစ်သိန်းကျော်တန်လေးတွေ ရှိပါတယ်။ ဘာကွာလဲလို့ မပြောခင် ကျနော်တို့ သိထားဖို့က ဒီနယ်ပယ်မှာ Toy Grade, Hobby Grade, Professional Grade နဲ့ Military ဆိုပြီး ရှိပါတယ်။
Toy Grade တွေကတော့ စူပါမားကတ်တွေမှာ တွေ့နေရတဲ့ ပန်ကာ ၂ ထပ်နဲ့ ဟယ်လီကော်ပတာတွေ၊ LadyBug ပုံစံ ပန်ကာလေးဖက်တပ် Multicopter အသေးစားလေးတွေပါပဲ။ သောင်းဂဏန်း ပေးရတဲ့ ဈေးနဲ့ယှဉ်ကြည့်တော့ ပျက်ရင် ပြင်ဖို့ မလွယ်သလို အပိုပစ္စည်းလည်း ရဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ထိန်းကျောင်းရတဲ့ အပိုင်းမှာပါ ခက်ခက်ခဲခဲ ဖြစ်ပါတယ်။ လေတိုက်တိုင်း ပါသလို လေမတိုက်တဲ့နေရာမှာ လွှတ်ရင်လည်း အရှိန်များသွားတာ၊ ပါဝါလျှော့လိုက်ရင် အဆုံးထိကျပြီး ပြုတ်ကျတာတွေ အဖြစ်အများဆုံးပါပဲ။ ဒါမျိုးတွေကြောင့် ကလေး ကစားစရာ အဆင့်လို့ သတ်မှတ်ထားပါတယ်။
![]() |
Toy Grade ဆိုပေမယ့်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ် |
Hobby Grade တွေကတော့ အခု ကျနော်တို့ဆီမှာ ဒရုန်းလို့ခေါ်တဲ့ Multicopter တွေက စတာပါပဲ။ CX20 , Freex လို သုံးလေးသိန်းတန်၊ နာမည်ကြီး DJI ကုမၸဏီထုတ် ၆ သိန်း ရ သိန်းတန် Phantom1, Phantom2 , ဆယ်သိန်း ၁၅ သိန်းတန် Phantom3၊ သိန်း သုံးလေးဆယ် Inspire One တွေကနေ သိန်း ၇၀ကျော် ၁၀၀ ဝန်းကျင် ကျသင့်တဲ့ဟာတွေပါပဲ။ Helicopter, Tricopter, Quadcopter, Hexacopter, Octocopter စသည်ဖြင့် ပန်ကာပါသလောက်ကို နာမည်အမျိုးမျိးနဲ့ ခေါ်ကြပါတယ်။ လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတွေ တည်ငြိမ်မှုတွေ အပေါ်မှာ မူတည်ပြီး ဈေးတွေ ကွာသွားကြပါတယ်။ Freex လို ၄ သိန်းဝန်းကျင်ပေးရတဲ့ Multicopter တစ်စီးဟာ Phantom 2 လို ရ သိန်းဝန်းကျင်ပေးရတဲ့ဟာကို အရည်အသွေးပိုင်းမှာ မယှဉ်နိုင်ပါဘူး။ ပြုလုပ်ထားတဲ့ ဘော်ဒီက ကော်သားကအစ အသုံးပြုထားတဲ့ မော်တာတွေမှာ ကိွုင်ပတ်ထားပုံ စံနစ်တကျမရှိတာတွေအထိ ကွာသွားပါတယ်။
ဈေးကွက်ထဲမှာ တစ်သိန်းကျော်တန်လေးတွေ ရှိပါသေးတယ်။ ဘာကွာသွားလဲဆိုရင် GPS မပါတာမျိုး ကွာသွားပါတယ်။ GPS ထည့်ထားတဲ့အတွက် GPS စမိတဲ့နေရာကို ပြန်လာတဲ့ Return to Home (RTH) စံနစ်တွေ၊ Control ကို လွှတ်ထားရင်တောင် Attitude Mode ဖြစ်နေရင် ရောက်နေတဲ့နေရာမှာ ရပ်နေတာမျိုးတွေ လုပ်လို့ရပါတယ်။ တစ်သိန်းကျော်တန်လေးတွေမှာ ဒီစံနစ်တွေ မပါဝင်ပါဘူး။ ထပ်ပြီးလည်း တပ်လို့ မရပါဘူး။
ကျနော်လေ့လာသိရှိခဲ့တဲ့ Multicopter အများစုရဲ့ ပျံသန်းချိန်ဟာ ၁၅ မိနစ် ဝန်းကျင်ကနေ ၂၅ မိနစ် ဝန်းကျင်အထိ အများဆုံးပါပဲ။ အောက်ကနေ တိုက်ရိုက်ကြည့်ပျံလို့ရတဲ့ FPV စနစ်၊ အောက်နေ တိုက်ရိုက်ကြည့်ရှုဖို့ FPV System တွေ၊ အမြင့်ပေ ဘယ်လောက်ရောက်နေလဲ၊ ဘက္ထရီ ဘယ်လောက်ကျန်သေးလဲ၊ အရှေ့အနောက် တောင်မြောက် ဘယ်ကိုပြနေလဲ စတာတွေကိုကြည့်ဖို့ OSD စနစ်တွေ ထပ်တပ်မယ်ဆိုရင် ပျံသန်းချိန် ထပ်ပြီး လျော့ကျသွားနိုင်ပါသေးတယ်။ ကဲ... အဲဒီအချိန်ခဏလေး အတွင်းမှာ ဘယ် ပစ်မှတ်ဆီကို ဒရုန်းမှာ ဗုံးတပ်ပြီး လွှတ်မလဲ။
ဒါတောင် ပျံသန်းဖို့ကို အတော်လေ့ကျင့်ယူရဦးမှာပါ။ ခုဝယ် အခုပျံလို့ မရပါဘူး။ ပျံသန်းရတာ မလွယ်ကူပါဘူး။ ဗုံးတပ်ပြီးပျံဖို့နေနေသာသာ ပျံသန်းချိန် ပိုရချင်လို့ ဘက္ထရီအပိုတပ်ပြီး ပျံဖို့တောင် အဆင်မပြေကြလို့ ဘက္ထရီအပိုတွေဆောင်ထားပြီး ၁၀ မိနစ်လောက် ပျံလိုက်၊ တစ်လုံးထပ်လဲလိုက် လုပ်နေကြရတဲ့ ဘဝတွေပါဗျာ။
ကျနော် အခုလို ဈေးနှုန်းတွေနဲ့ ယှဉ်ပြပေးတာကတော့ အကယ်၍ တစ်ယောက်ယောက်ကများ စတန့်ထွင်မယ်။Multicopter အသုံးပြုပြီး ဗုံးခွဲမယ်ဆိုပါစို့။ ဒီလောက်ဈေးတွေ ခေါင်ခိုက်နေအောင် ပေးရပြီးမှ ဒီအချိန်ခဏလေးအတွင်းမှာ ဘယ်နားကို ပျံမလဲ။ ယပ်တောင်ခပ်တဲ့ ပန်ကာကမှ အသံညင်သာပါသေးတယ်။ ယခု Multicopter တွေရဲ့ ပန်ကာသံတွေ တဗျဲဗျဲကို ဘယ်နားကနေ တက်လာတယ်၊ ဘယ်နားမှာ ဆင်းသွားမယ်ဆိုတာ အသံကြားတာနဲ့တင် လိုက်ကြည့်လို့ရပါပြီ။
ဒီတော့ စာဖတ်သူသာ ဗုံးခွဲမယ်ဆိုပါစို့၊ Multicopter နဲ့ ခွဲမလား ဖုန်း SIM ကဒ်ကို ၁၅၀၀ နဲ့ ဝယ်သုံးပြီး မြန်မာပြည် မြောက်ဖျားကနေ တောင်ဖျားထိ ချိတ်လို့ရအောင် လုပ်မလား။ စဉ်းစားသာကြည့်ပေ့ါခင်ဗျာ။
(ကျနော် ခုရေးခဲ့တဲ့အထဲမှာ Fixed wing လို့ခေါ်တဲ့ အတောင်ပံနဲ့ လေယာဉ်အကြောင်းတွေ မပါသေးပါဘူး။ အချိန်ရရင် ထပ်ရေးပါဦးမယ်)
3 comments
Write commentsGreat article Ko Nwe Yoe keep going.
Replyအားပေးတယ္ ဆက္ရေးပါဗ် ပြီးရင် ကျနော်တို့ အားလုံးအတကွ် ပြန် share ပေးပါ။
ဟုတ်ကဲ့ပါဦးဝင်း ဆက်ရေးမှာပါ. . တတ်နိုင်တဲ့ဖက်ကနပေါဝင်ပေးပါ့မယ်ခင်ဗျ။
Replyအားပေးပါတယ်
ReplyEmoticonEmoticon