How to build basic RC Plane

Radio Control ​​လေ​​ယာဉ်​​လေး​​တွေ ​​ဆောက်​​မ​​လား

- ​​လေ​​ယာဉ်​​ဆောက်​​မ​​လား​​သာ​​ပြော​​တယ် ​​အ​​ကောင်း​​ဆုံး​​အ​​တွက် ​​အ​​ကြံ​​ပေး​​ချင်​​တာ​​က​​တော့ ​​အ​​ခု​​မှ​​စ​​ပြီး ​​လွှတ်​​မယ်​​ဆို​​ရင် RTF (Ready fo Fly) ​​သာ ​​ဝယ်​​လွှတ်​​ပါ​​လို့ ​​ပြော​​ချင်​​ပါ​​တယ်။ ​​ပ​​ထ​​မ​​ဦး​​ဆုံး​​အ​​နေ​​နဲ့ ​​ကိုယ်​​တိုင်​​ဆောက်​​ပြီး ​​လွှတ်​​မယ်​​ဆို​​ရင် ​​ကိုယ့်​​လေ​​ယာဉ်​​တက်​​လား ​​မ​​တက်​​ဘူး​​လား​​ဆို​​တာ​​က ​​ပြော​​ရ​​ခက်​​ပါ​​တယ်။ ​​ချိန်​​ဆ​​ဖို့​​က ​​လေ​​ယာဉ်​​ကိုယ်​​ထည် ​​တည်​​ဆောက်​​မှု ​​အ​​ပိုင်း​​တင်​​မ​​က​​ပဲ Electric ​​အ​​ပိုင်း​​တွေ​​ကို​​ပါ ​​သိ​​ထား​​ဖို့ ​​လို​​ပါ​​တယ်။ ​​မ​​ဟုတ်​​ရင် ESC ​​လောင်​​ရ​​တာ​​နဲ့ ​​မော်​​တာ ​​လောင်​​ရ​​တာ​​နဲ့ ​​လေ​​ယာဉ် ​​ဝိတ်​​မ​​ညီ​​ပဲ ​​ဇောက်​​ထိုး​​ဆင်း​​ဆင်း​​နေ​​လို့ ​​ပန်​​ကာ​​ကျိုး​​ရ​​တာ​​နဲ့ ​​အ​​ရင်း​​အ​​နှီး​​ကြီး​​ပါ​​တယ် ( ​​ကိုယ်​​တွေ့ )။ ​​ဒါ့​​အ​​ပြင် ​​တည်​​ဆောက်​​ဖို့၊ ​​အ​​ရှင်း​​ဆုံး​​ပြော​​ရ​​ရင် ​​လက်​​သ​​မား​​ပ​​စ္စည်း​​တွေ ​​မ​​ရှိ​​ပဲ​​လည်း ​​မ​​ဖြစ်​​ပြန်​​ဘူး။ ​​ဖော့​​လှီး​​ဖို့ ​​ဓား​​လို​​တယ်။ ​​ကပ်​​ဖို့ ​​ကော်​​လို​​တယ်။ (​​အ​​မြှပ်​​ကော်၊ Hot Glue ... ​​စ​​သည်​​ဖြင့်)၊ ​​ခဲ​​ဆော်​​ဖို့ ​​ခဲ​​ဂေါက်​​လို​​တယ်။ ​​ဒါ​​တွေ​​အ​​သင့်​​မ​​ရှိ​​ရင် ​​ဝယ်​​ရ​​တဲ့ ​​စ​​ရိတ်​​က ​​ရှိ​​နေ​​ပြန်​​ပါ​​တယ်။ ​​နောက်​​ဆုံး ​​ခြုံ​​ကြည့်​​လိုက်​​ရင် ​​ဝယ်​​လွှတ်​​တဲ့​​ဈေး​​နဲ့ ​​ကိုယ်​​တိုင်​​ဆောက်​​တဲ့ ​​ဈေး​​က ​​အ​​တူ​​တူ​​လောက် ​​ကျ​​ပါ​​တယ်။ ​​ကွာ​​ခြား​​တာ​​က​​တော့ ​​ကိုယ်​​တိုင်​​ဆောက်​​ပြီး ​​လွှတ်​​ရ​​တာ​​နဲ့ ​​ဝယ်​​ပြီး ​​လွှတ်​​တာ​​မှာ ​​ကိုယ်​​တိုင်​​ဆောက်​​ပြီး ​​လွှတ်​​ရ​​တာ​​က​​တော့ Feel ​​ပဲ​​ဗျို့။

- ​​ကဲ ​​ဒီ​​တော့ ​​ကိုယ်​​တိုင်​​မှ ​​ဆောက်​​ချင်​​တယ်​​ဆို​​ရင် ​​ဒီ​​ပ​​စ္စည်း​​လေး​​တွေ​​တော့ ​​လို​​သ​​ဗျ

- Transmitter + Receiver
- Motor
- ESC
- Servo
- Battery + Charger
- Propeller ​​နဲ့ ​​လေ​​ယာဉ် ​​ကိုယ်​​ထည်​​တစ်​​ခု​​အ​​ပြင် ​​တွဲ​​ဆက်​​ဖို့ ​​တို​​လီ​​မု​​စ ​​လေး​​တွေ​​တော့ ​​လို​​ပါ​​လိမ့်​​မယ်။ ​​ကိုယ်​​ထည်​​က ​​အ​​သင့်​​ပြု​​လုပ်​​ပြီး​​သား KIT ​​သို့​​မ​​ဟုတ် ​​မိ​​မိ​​ဘာ​​သာ ​​ဆောက်​​ရ​​ပါ​​မယ်။ KIT ​​တွေ​​က ​​စက်​​ရုံ​​ထုတ် ​​စမ်း​​သပ်​​ပြီး​​သား​​တွေ​​ဖြစ်​​လို့ ​​ထွေ​​ထွေ​​ထူး​​ထူး ​​ချိန်​​စ​​ရာ ​​သိပ်​​မ​​လို​​ပါ​​ဘူး။ ​​တွဲ​​ဆက်​​ဖို့ ​​ပ​​စ္စည်း​​တွေ​​လည်း ​​အ​​ရံ​​သင့် ​​ပါ​​ဝင်​​ပါ​​တယ်။

Transmitter ​​က ​​အ​​နည်း​​ဆုံး 4 Channel ​​လို​​အပ်​​ပါ​​တယ်။ ​​အ​​ခြေ​​ခံ​​အား​​ဖြင့် AETR ( Ailerons, Elevators, Throttle, Rudder ) ​​ဆို​​တဲ့ ​​စံ​​နစ်​​အ​​တိုင်း​​ဆို ​​ပျံ​​သန်း​​ဖို့ ​​အ​​သင့်​​ဖြစ်​​ပါ​​ပြီ။ ​​ဒါ​​ကြောင့် ​​အ​​နည်း​​ဆုံး 4 Channel Transmitter ​​နဲ့ Receiver ​​လို​​အပ်​​ပါ​​တယ်။
Motor ​​က​​တော့ Brushless Motor ​​တွေ ​​အ​​သုံး​​များ​​ပါ​​တယ်။ ​​ကျ​​နော်​​တို့ ​​ငယ်​​ငယ်​​က​​ဆော့​​တဲ့ ​​ကား​​လေး​​တွေ​​မှာ​​ပါ​​တဲ့ ​​မော်​​တာ​​တွေ​​ကို ​​တွေ့​​ဖူး​​ကြ​​မှာ​​ပါ။ ​​ကြိုး​​နှစ်​​ချောင်း​​ထဲ​​ပါ​​ပြီး ​​ဘ​​က္ထ​​ရီ​​ကို ​​အ​​ပေါင်း​​အ​​နှုတ်​​ပေး​​လိုက်​​တာ​​နဲ့ ​​လည်​​တယ်​​လေ။ ​​အဲ​​ဒါ​​က Brush Motor ​​တွေ​​ပါ။

​​မော်​​တာ​​နဲ့ ​​ပန်​​ကာ​​တွဲ​​ပြီး ​​ဘ​​က္ထ​​ရီ​​နဲ့​​ချိတ်​​တာ​​နဲ့ ​​မော်​​တာ​​လည်​​ဦး​​မှာ ​​မ​​ဟုတ်​​ပါ​​ဘူး။ Brush Motor ​​တွေ​​ကို ​​ထိန်း​​ဖို့ Brush Motor ESC ​​လို​​သ​​လို Brushless Motor ​​တွေ​​ကို ​​ထိန်း​​ဖို့ Brushless Moter ​​အ​​တွက် ESC (Electric Speed Controller) ​​လို​​အပ်​​ပါ​​တယ်။ ​​ဘ​​က္ထ​​ရီ​​က​​နေ ESC ​​ကို Power ​​ရောက်​​တယ်။ ESC ​​က​​နေ Receiver  ​​နဲ့ ​​မော်​​တာ​​ကို ​​ကို Power ​​ရောက်​​ပြီး Transmitter ​​နဲ့ ​​ချိတ်​​မိ​​တာ​​နဲ့ Transmitter ​​က ​​ထိန်း​​ချုပ်​​သ​​မျှ ​​မော်​​တာ​​က ​​အ​​လုပ်​​လုပ်​​ပါ​​တယ်။ ​​မော်​​တာ​​အ​​တွက်​​က Throttle ​​ပါ။ Transmitter ​​မှာ Throttle ​​ခ​​လုပ်​​က ​​အ​​တိုး​​အ​​လျှော့ ​​လုပ်​​လို့​​ရ​​တယ်။ ​​မူ​​ရင်း​​နေ​​ရာ ​​ပြန်​​မ​​ရောက်​​ဘူး။ ​​ဒီ​​တော့ ​​မှတ်​​ထား​​ရ​​မှာ Motor ​​အ​​တွက်​​က Throttle ​​ဖြစ်​​ပါ​​တယ်။ ESC ​​က ​​ထွက်​​လာ​​တဲ့ Signal ​​ကြိုး​​က​​လေး​​ကို​​တော့ Receiver ​​ရဲ့ ​​တ​​တိ​​ယ ​​ငုတ်​​မှာ ​​တပ်​​ပါ​​တယ်။ Throttle ​​ဟာ AETR ​​ရဲ့ ​​တ​​တိ​​ယ​​မှာ ​​ရှိ​​တယ်​​လေ။
​​အ​​တောင်​​ပံ ၂ ​​ခု​​က ​​ပဲ့​​တွေ​​ကို​​တော့ Aileron ​​လို့ ​​ခေါ်​​ပါ​​တယ်။ ​​ဘယ်​​ညာ​​ထိန်း ​​ရွက်​​မ​​ပေါ့။ ​​သူ​​တို့​​လေး​​တွေ ​​အ​​လုပ်​​လုပ်​​ဖို့​​က Servo Motor ​​တွေ ​​အ​​သုံး​​ပြု​​ပါ​​တယ်။  Aileron ​​အ​​တွက်​​က​​တော့ Servo  ၂ ​​လုံး ​​သို့​​မ​​ဟုတ် ၁ ​​လုံး​​ထဲ ​​အ​​သုံး​​ပြု​​နိုင်​​ပါ​​တယ်။ ​​တစ်​​လုံး​​ထဲ​​ဆို​​ရင် ၂ ​​ခု​​ကြား ​​အ​​လယ်​​မှာ​​တပ်​​သုံး​​သ​​လို ​​နှစ်​​လုံး​​အ​​သုံး​​ပြု​​မယ်​​ဆို​​ရင် ​​အ​​တောင်​​ပံ ​​တ​​ဖက်​​တ​​ချက်​​မှာ ​​တစ်​​လုံး​​စီ​​တပ်​​ပြီး Y Cable ​​က​​နေ​​တ​​ဆင့် ​​ချိတ်​​ဆက်​​ရ​​ပါ​​တယ်။ Y Cable ​​က​​နေ ​​ထွက်​​လာ​​တဲ့ ​​ကြိုး​​က​​တော့ Receiver ​​ရဲ့ ​​ပ​​ထ​​မ​​ဆုံး​​ငုတ်​​မှာ ​​တပ်​​ပါ​​တယ်။ AETR ​​မှာ Ailerons ​​က ​​ပ​​ထ​​မ​​ဆုံး​​လေ။

​​အ​​မြီး​​ပိုင်း​​မှာ​​တော့ ​​ပဲ့ ၂ ​​ခု​​ရှိ​​ပါ​​တယ်။ ​​အ​​ပေါ်​​တက် ​​အောက်​​ဆင်း​​လုပ်​​ဖို့ Elevator ​​ရယ် ​​ဘယ်​​ညာ​​ကွေ့​​ဖို့ Rudder ​​ရယ်​​ပါ။ Servo ​​တစ်​​လုံး​​စီ ​​အ​​သုံး​​ပြု​​ပြီး Elevator ​​က Receiver ​​ရဲ့ ​​ဒု​​တိ​​ယ​​ငုတ်၊ Rudder ​​က Receiver ​​ရဲ့ ​​စ​​တု​​တ္ထ​​ငုတ်​​မှာ ​​တပ်​​ရ​​ပါ​​တယ်။

​​အဲ... ​​ဒါ​​တွေ​​တပ်​​ပြီး​​ရင် CG ​​လို့​​အ​​တို​​ကောက် ​​ခေါ်​​တဲ့ Center of Gravity ​​ကို ​​ချိန်​​ပေး​​ဖို့ ​​အ​​ဓိ​​က ​​လို​​အပ်​​ပါ​​တယ်။ ​​ဘ​​က္ထ​​ရီ​​ကို ​​ရှေ့​​တိုး​​နောက်​​ဆုတ် ​​နေ​​ရာ​​လိုက်​​ချ​​ပြီး ​​ချိန်​​ကြည့်​​ပါ။ KIT ​​တွေ​​က​​တော့ Recommed ​​ပေး​​ထား​​တဲ့​​အ​​တိုင်း ​​တပ်​​ရင် ​​သူ့​​ဟာ​​နဲ့​​သူ ​​ညီ​​ပြီး​​သား ​​ဖြစ်​​နိုင်​​ပါ​​တယ်။ ​​ဒီ​​တော့ ​​ပျံ​​ဖို့​​ပဲ ​​လို​​တော့​​တာ​​ပေါ့။

​​ကြား​​ထဲ​​မှာ ​​ကျ​​နော် ​​အ​​ဆင့်​​တွေ ​​ကျော်​​ခဲ့​​ပါ​​သေး​​တယ်။ Transmitter ​​နဲ့ Receiver ​​ချိတ်​​မိ​​ဖို့ Binding ​​လုပ်​​တာ​​တွေ​​ပါ။ ​​နောက်​​ကျ​​တော ့​​ဆက်​​ရေး​​ပါ​​ဦး​​မယ်။

​​လေ​​ယာဉ်​​တစ်​​စီး ​​အ​​နည်း​​ဆုံး​​ဈေး ​​အ​​ကြမ်း​​အား​​ဖြင့်
Motor = 10000
ESC = 8000
Servox4 = 12000
Battery 1300mah = 10000
Charger = 15000
KIT = 40000
4 Channel Transmitter + Receiver = 45000
Prop = 2000 . . . ​​ဆို​​တော့ ​​တစ်​​သိန်း​​ခွဲ ​​ဝန်း​​ကျင် ​​ကျ​​မှာ​​ပါ။

​​ကဲ . .. ​​ဒီ​​တော့ RTF ​​တစ်​​စီး​​စာ ​​ဘာ​​မှ​​တော့ ​​သိပ်​​မ​​ကွာ​​ပါ​​ဘူး။ Wing Dragon ​​လေး​​တွေ ​​ဝယ်​​လွှတ်​​လို့ ​​ရ​​ပါ​​တယ်။ ​​ပျက်​​ရင်​​လည်း ​​ပြင်​​လို့​​ရ​​နိုင်​​ပါ​​တယ်။ ​​ပ​​စ္စည်း​​တွေ​​ဖြုတ်​​ပြီး ​​အ​​ခြား​​လေ​​ယာဉ်​​မှာ ​​တပ်​​သုံး​​မယ်​​ဆို​​လည်း ​​ဖြစ်​​တယ်​​လေ။
Previous
Next Post »