Basic RC Plane Connecting Electronic

​အ​ခြေ​ခံ​ကျ​တဲ့ ​လေ​ယာဉ်​ငယ်​လေး​တွေ ​အ​တွက် ​လို​အပ်​တဲ့ Electronic ​ပ​စ္စည်း​တွေ​က​တော့

1. Brushless Motor x 1
2. ESC x 1
3. Servo x 4
4. Propeller x 1
5. Battery x 1
6. 4Channel Radio Transmitter/ Receiver
7. Battery Charger

​လို​အပ်​ပါ​တယ်။

1. Motor
Motor ​က​တော့ Brushless Motor ​တွေ ​အ​သုံး​ပြု​ကြ​ပါ​တယ်။ Brushed Motor ​နဲ့ Brushless Motor ​တွေ ​သုံး​ကြ​ပါ​တယ်။ ​အ​များ​အား​ဖြင့် Brushless Motor ​တွေ​ကို ​သုံး​ကြ​ပါ​တယ်။ Brushless Motor ​မှာ ၂ ​မျိုး​ထပ်​ကွဲ​ပါ​တယ်။
Inrunner - Only the shafts spins - Normally used in fast airplanes, EDF’s, or cars.
Outrunner - Far more common - Has more torque, the whole outside of the motor spins. There are motors of every size and shape.

​မော်​တာ​ဝယ်​ရင် Size ​နဲ့ kV ​တွဲ​လျက် ​ကြည့်​ဝယ်​နိုင်​ပါ​တယ်။ ​ဥ​ပ​မာ 2212/1400kV
Note : kV - NOT KILO-VOLT it’s a small k (k represents constant.) kV stands for Revolutions per minute / per volt. A 1000kV motor will spin 10,000 RPM on 10V.

2. ESC

ESC ​လို့ ​အ​တို​ကောက်​ခေါ်​တဲ့ Electronic Speed Controller ​က​တော့ Brushless Motor ​တွေ​နဲ့ ​တွဲ​ဆက်​ဖို့ ​အ​သုံး​ပြု​ရ​ပါ​တယ်။ ​ကျ​နော်​တို့ ​ငယ်​ငယ်​က​ဆော့​တဲ့ ​အ​ရုပ် ​ကား​လေး​တွေ ​ထဲ​မှာ​ပါ​တဲ့ ​မော်​တာ​တွေ​လို ​ကြိုး ၂ ​ပင်​ကို ​ဘ​က္ထ​ရီ ​အ​ဖို၊​အ​မ ​နဲ့ ​ချိတ်​ဆက်​ပေး​လိုက်​တာ​နဲ့ ​အ​လုပ်​မ​လုပ်​ပါ​ဘူး။ ​အ​ကြမ်း​အား​ဖြင့် Transmitter ​ရဲ့ Throttle Channel ​က ​အ​တိုး​အ​လျှော့​လုပ်​ပေး​တဲ့ ​အ​ခါ​တိုင်း ​မော်​တာ​က​ပါ ​အ​နှေး​အ​မြန်​ဖြစ်​ရ​ပါ​တယ်။ ESC ​ရဲ့ ​ပါ​ဝါ ၂ ​ကြိုး​က ​ဘ​က္ထ​ရီ​ဆီ​ကို​သွား​ပြီး ​တ​ဖက် ၃ ​ကြိုး​က ​မော်​တာ​နဲ့ ​ချိတ်​ဆက်​ရ​ပါ​တယ်။ ​ကြိုး​အ​သေး ၃​ကြိုး​ပူး​ထား​တဲ့ ​ကြိုး​က​တော့ Receiver ​ရဲ့ Throttle Channel ​ကို ​သွား​ရ​ပါ​တယ်။



3.Servos 

​သာ​မန်​လေ​ယာဉ်​ငယ် ​တစ်​စီး​မှာ AETR ​လို့​အ​တို​ကောက်​ခေါ်​တဲ့ Aileron, Elevator, Throttle, Rudder ​ဆို​တဲ့ ​စံ​နစ်​များ ​ပါ​ဝင်​ပါ​တယ်။ ​အ​ခြေ​ခံ 4 Channel ​ဖြစ်​ပါ​တယ်။ ​အ​ချို့​သော Glider ​တွေ​မှာ​တော့ 3 Channel ​အ​သုံး​ပြု​ပျံ​ကြ​ပါ​တယ်။ Aileron ​ကို​မ​သုံး​တဲ့​အ​တွက်​ပါ။ ​ဒီ Channel ၄ ​ခု​ထဲ​မှာ Throttle Channel ​က​လွဲ​ရင် ​အ​ခြား Channel ​တွေ​အ​တွက် Servo Motor ​လေး​တွေ ​လို​အပ်​ပါ​တယ်။ ​အ​တောင်​ပံ​က​ပဲ့ Aileron ​နဲ့ ​အ​မြီး​ပိုင်း​က​ပဲ့ Elevator, Rudder ​တွေ ​လှုပ်​ရှား​အောင် Servo Motor ​တွေ ​အ​သုံး​ပြု​ရ​ပါ​တယ်။ Servo ​တွေ​က​တော့ Receiver ​မှာ ​တိုက်​ရိုက်​ထိုး​တပ်​ရ​ပါ​တယ်။ Aeleron ​အ​တွက်​က​တော့ Channel 1 ​က​နေ Y Cable ​နဲ့ ၂ ​ကြိုး​ခွဲ​ပြီး ​ဘယ်​အ​တောင်​ပံ​တစ်​လုံး ​ညာ​အ​တောင်​ပံ​တစ်​လုံး ​တပ်​ရ​ပါ​တယ်။ ​အ​မြီး​ပိုင်း​မှာ​တော့ Elevator ​အ​တွက် Channel 2 ​မှာ​ထိုး​ပြီး ၁ ​လုံး​တပ်​ရ​ပါ​တယ်။ Rudder ​အ​တွက် ၁ ​လုံး ​တပ်​ရ​ပါ​တယ်။ ​လေ​ယာဉ်​ပြေး​လမ်း​ပေါ်​မှာ ​ကွေ့​ဖို့​ကို Nose Wheel ​သို့​မ​ဟုတ် Tail Wheel ​တွေ​ဟာ Rudder Servo ​နဲ့ ​ချိတ်​ဆက်​ထား​ရ​ပါ​တယ်။ ​တ​ချို့​လေ​ယာဉ်​တွေ ​မှာ​တော့ Servo ၂ ​လုံး​အ​သုံး​ပြု​ပြီး Rudder ​အ​တွက်​တစ်​လုံး၊ ​ကွေ့​မယ့် ​ဘီး​အ​တွက်​တစ်​လုံး​ကို Y Cable ​နဲ့ Channel 4 ​က​နေ ​ယူ​ရ​ပါ​တယ်။



4. Propeller

​ပန်​ကာ​ရွေး​ချယ်​ရာ​မှာ ​နံ​ပါတ် ၂ ​ခု​ကို ​သိ​ထား​ရ​ပါ​မယ်။ ​ကျ​နော်​က 10x4.5 ​ပန်​ကာ​ကို ​ဝယ်​တယ်​ဆို​ပါ​စို့။ 10 ​က ​ပန်​ကာ​ရဲ့ ​အ​ချင်း​ပါ။ ​လက်​မ​နဲ့ ​တွက်​ပါ​တယ်။ 4.5 ​က ​ပန်​ကာ​ကို ​လိမ်​ထား​တဲ့ ​ဇောင်း​ပေး​ထား​တဲ့​နံ​ပါတ်​ပါ။
 "​ဒီ​နေ​ရာ​မှာ ​တစ်​ခု ​အ​ကြမ်း​ဖျဉ်း ​သ​တိ​ထား​ရ​မှာ ​သိ​ထား​ရ​မှာ​က Motor kV ​ကြီး​ရင် ​ပန်​ကာ​အ​သေး ​အ​သုံး​ပြု​တယ်။ Motor kV ​သေး​ရင် ​ပန်​ကာ​အ​ကြီး ​အ​သုံး​ပြု​တယ် " ​ဆို​တာ​အ​ကြမ်း​ဖျဉ်း​မှတ်​ထား​ပေး​ပါ။ ​လေ​ယာဉ်​က ​အ​ကြီး​ကြီး​မို့ kV ​ကြီး​တာ ​သုံး​ရ​မယ်​လို့​လည်း ​မ​မှတ်​ရ​ပါ​ဘူး။ Motor ​ရဲ့ Size (​အ​ရွယ်​အ​စား) ​ရှိ​ပါ​သေး​တယ်။ ​ဒီ​တော့ ​လေ​ယာဉ်​အ​သေး​လေး​မှာ Motor 1400kV ​သုံး​နိုင်​သ​လို ​အ​ကြီး​မှာ​လည်း 1400kV ​သုံး​လို့​ရ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အ​ရွယ်​အ​စား​ချင်း​တော့ ​ကွာ​သွား​ပါ​တယ်။

 5. Battery
Battery ​က​တော့ Lipo Battery ​တွေ ​အ​သုံး​ပြု​ကြ​ပါ​တယ်။  3Cell ,11.1V, 2200mAh
 3 Cell ​က​တော့ ​ဘ​က္ထ​ရီ​မှာ​ပါ​တဲ့ ​အ​ခန်း​အ​ရေ​အ​တွက်​ပါ။ ​သာ​မန်​လေ​ယာဉ်​ငယ်​တွေ​ဟာ Cell ​တစ်​ခု​မှာ 3.7V ​ရှိ​တဲ့ 3 Cell Battery ​ကို ​အ​သုံး​ပြု​ကြ​တာ​များ​ပါ​တယ်။ ​စု​စု​ပေါင်း ​ဗို့​အား​အ​နေ​နဲ့​က​တော့ 11.1V ​ဖြစ်​ပါ​တယ်။ ​ဘ​က္ထ​ရီ​ရဲ့ ​သို​လှောင်​မှု​ပ​မ​ဏ​အ​လိုက် 1300mAh,2200mAh, 3000mAh ​စ​သည်​ဖြင့် ​အ​သုံး​ပြု​ကြ​ရ​ပါ​တယ်။ Battery ​တွေ​ကို ​အား​ပြန်​သွင်း​ဖို့ Balance Charger ​တွေ ​အ​သုံး​ပြု​ရ​ပါ​တယ်။

 6. Radio Transmitter / Receiver
 Transmitter ​က​တော့ ​အ​နည်း​ဆုံး 4 Channel ​ရှိ​ရ​ပါ​မယ်။ ​အ​ကြမ်း​အား​ဖြင့် 4 Channel ​ဆို​တော့ ​အ​လုပ်​လေး​မျိုး ​လုပ်​လို့​ရ​တယ် ​မှတ်​ထား​နိုင်​ပါ​တယ်။ ​လေ​ယာဉ်​ငယ်​တွေ​ဟာ​လည်း AETR ​အ​တွက် Channel ၄ ​ခု​ပဲ ​လို​အပ်​ပါ​ဦး​မယ်။ ​လေ​ထီး​ချ​ချင်​တာ၊ ​မီး​ထွန်း​ဖို့ ​ခ​လုပ်​အ​ဖွင့်​အ​ပိတ် ​လုပ်​ချင်​တာ​မျိုး​တွေ ​ပို​လာ​မယ်​ဆို​ရင်​တော့ ​နောက်​ထပ် Channel ​များ​တဲ့ Transmitter ​လို​အပ်​ပါ​တယ်။ Transmitter ​ဝယ်​ရင်​တော့ Receiver ​တစ်​ခု ​ပါ​ပါ​တယ်။ Transmitter ​တစ်​ခု ​လေ​ယာဉ်​တစ်​စီး​ပေါ့။ Transmitter ​တစ်​ခု ​လေ​ယာဉ်​တစ်​စီး​ဆို​လို့ ​နောက်​ထပ် ​လေ​ယာဉ်​တစ်​စီး ​ထပ်​ဆောက်​မယ်​ဆို​ရင် Transmitter ​တစ်​ခု ​ထပ်​ဝယ်​ရ​မှာ​ပေါ့ ​လို့ ​မေး​စ​ရာ ​ရှိ​ပါ​တယ်။ 4 Channel Transmitter ​အ​များ​စု​က​တော့ Receiver ​တစ်​ခု​ကို​ပဲ ​မှတ်​ထား​နိုင်​တဲ့​အ​တွက် ​လေ​ယာဉ်​တစ်​စီး​အ​တွက်​ပဲ ​ရ​ပါ​မယ်။ ​နောက်​ထပ် ​လေ​ယာဉ်​အ​သစ် ​ဆောက်​ရင် ​အ​ဟောင်း​က Receiver ​ကို​ဖြုတ် ​အ​သစ်​မှာ​တပ် ​ပြန်​လုပ်​ရ​ပါ​တယ်။ ​အ​လုပ်​ရှုပ်​ပါ​တယ်။ ​ဒါ​ကြောင့် ​စ​လုပ်​မယ့်​သူ​တွေ​အ​နေ​နဲ့ ​လေ့​လာ​လို့​ပို​ကောင်း​အောင် ​ထပ်​မ​ဝယ်​ရ​အောင် Radio ​ဝယ်​မယ်​ဆို​ရင် ​အ​နည်း​ဆုံး 6 Channel ​လောက်​ရှိ​ပြီး Receiver Memory ​များ​များ ​မှတ်​နိုင်​တဲ့ Radio ​ဝယ်​သင့်​ပါ​တယ်။ ​ဈေး​နှုန်း​သက်​သာ​ပြီး Performance ​ကောင်း​တဲ့ Fly Sky i6 Radio ​ဆို​ရင် Receiver Memory 20 ​ထိ ​မှတ်​နိုင်​ပါ​တယ်။ ​အဲ​ဒီ​အ​တွက် ​လေ​ယာဉ် ​အ​စီး ၂၀ ​ကို Receiver ​အ​ပို​ထပ်​ဝယ်​တပ်​ပြီး Transmitter ​တစ်​ခု​ထဲ​နဲ့ ​အ​လုပ်​ဖြစ်​ပါ​ပြီ။

Transmitter ​တွေ​မှာ Mode 1 ​နဲ့ Mode 2 ​ဆို​တာ ​ရှိ​ပါ​တယ်။ Mode 1 ​ရဲ့ Throttle ​ဟာ ​ညာ​ဖက်​မှာ​ရှိ​ပြီး Mode 2 ​က​တော့ ​ဘယ်​ဖက်​မှာ ​ရှိ​ပါ​တယ်။ ​အ​များ​အား​ဖြင် ့Mode 2 ​ကို ​သုံး​ကြ​ပါ​တယ်။ ​အ​ချို့​သော Transmitter ​တွေ​ဟာ Mode 1 ​နဲ့ Mode 2 ​ကို ​ဘယ်​ညာ ​ပြောင်း​ပေး​ဖို့ ​ပါ​တတ်​ကြ​ပါ​တယ်။




Receiver
​အ​ချို့ Receiver ​တွေ​မှာ Channel ​တစ်​ခု​ချင်း​စီ​မှာ Aileron, Elevator, Throttle, Rudder ​လို့ ​တ​ခါ​ထဲ ​ရေး​ထား​တတ်​ကြ​သ​လို CH1,CH2 ​စ​သည်​ဖြင့် ​ပါ​တဲ့ Channel ​လောက်​ကို ​နံ​ပါတ်​ထိုး​ပြီး ​ရေး​ထား​တတ်​ကြ​ပါ​တယ်။ Receiver ​တွေ​မှာ Signal, + , - ​ပြ​ထား​ပါ​တယ်။ ESC ​ကြိုး​ရယ် Servo ​ကြိုး​တွေ​ရယ်​မှာ ​အ​ရောင်​နဲ့ ​ခွဲ​ပြ​ထား​ပါ​တယ်။ Signal ​ကို ​အ​ဖြူ​ရောင်​နဲ့ ​အ​ဝါ​ရောင် ​သုံး​ကြ​တာ ​များ​ပါ​တယ်။ ​ဘယ်​ညာ ​မှား​တတ်​လို့ ​မ​ရ​ပါ​ဘူး။

Transmitter ​အ​သစ် ​ဝယ်​မယ်​ဆို​ရင် Transmitter ​နဲ့ Receiver ​ကို ​ချိတ်​ဆက်​မိ​အောင် ​လုပ်​ဖို့ ​လို​အပ်​ပါ​တယ်။ Binding ​လုပ်​တယ်​လို့ ​ခေါ်​ကြ​ပါ​တယ်။ ​ကိုယ်​ဝယ်​ထား​တဲ့ Radio ​အ​လိုက် Binding ​လုပ်​တာ ​ကွဲ​ပြား​သွား​ပါ​တယ်။ ​ဦး​စွာ​ပ​ထ​မ User Manual ​ကို ​ဖတ်​ကြည့်​ပါ။



​ဒီ​လောက် ​အ​ကြမ်း​ဖျဉ်း​သိ​ထား​ပြီး​ရင်​တော့ ​နဲ​နဲ​တော့ ​က​လိ​လို့​ရ​လောက်​ပါ​ပြီ။ Starter ​တွေ​အ​တွက်​တော့ ​အ​ဆင်​ပြေ​လိမ့်​မယ်​လို့ ​ထင်​ပါ​တယ်။ ​ကျ​နော်​ရေး​ထား​တာ ​ထဲ​မှာ ​လို​အပ်​တာ​တွေ၊ ​ကျ​နော်​ကိုယ်​တိုင် ​မ​သိ​ရှိ​သေး​လို့ ​ကျော်​သွား​တာ​တွေ ​ရှိ​ပါ​တယ်။ Starter ​တွေ​အ​တွက် ​ရည်​ရွယ်​ပြီး ​ရေး​ထား​တာ​ဖြစ်​တဲ့​အ​တွက် ​အ​သုံး​ဝင်​မယ်​လို့ ​ထင်​ပါ​တယ်။ ​နောက်​လည်း ​သိ​သ​လောက်​လေး​တွေ ​ထပ်​ပြီး ​မျှ​ဝေ​ပါ​ဦး​မယ်။

​လင်း​ထက်​အောင် ( Nwe Yoe )
5/Sep/2015
Previous
Next Post »

3 comments

Write comments
Aung Thura
AUTHOR
May 24, 2016 at 5:07 PM delete

​ရ​န္ကု​န္မွာ ​ဘ​ယ္ဆို​င္တေ​မြွာ ​ပ​စၥ​ည္း​အ​စုံ ​ရ​နို​င္ပါ​သ​လဲ။

Reply
avatar
Aung Thura
AUTHOR
May 24, 2016 at 5:08 PM delete

​ရ​န္ကု​န္မွာ ​ဘ​ယ္ဆို​င္တေ​မြွာ ​ပ​စၥည်း​အ​စုံ ​ရ​နို​င်ပါ​သ​လဲ။

Reply
avatar
Nwe Yoe
AUTHOR
May 27, 2016 at 7:53 AM delete

စ​မ်း​​ချော​င်းြ​ကံ​ခ​င်း​လ​မ်း Hobby King Myanmar ​မှာ ​ရ​ပါ​တ​ယ်​။

Reply
avatar