How to reset GoPro Hero 3+ Wifi password


GoPro Hero3+ ​​ရဲ့ Wifi Password ​​မေ့​​သွား​​တဲ့ ​​သူ​​များ​​အ​​တွက် reset ​​ချ​​နည်း​​ပါ။ ​​ကျ​​နော်​​ကိုယ်​​တိုင် Hero3+ Black Edition ​​မှာ ​​စမ်း​​သပ် ​​လုပ်​​ဆောင် ​​ပြီး​​ပါ​​ပြီ။

​​ကွန်​​ပျူ​​တာ​​တော့ ​​ရှိ​​ရ​​ပါ​​မယ်။ ​​ကွန်​​ပျူ​​တာ ​​မ​​ရှိ​​ဘူး​​ဆို​​ရင်​​လည်း ​​ဖုန်း​​ထဲ​​မှာ​​တင် ​​လုပ်​​လို့​​ရ​​ပါ​​တယ်။ ​​ဖုန်း​​ထဲ​​မှာ txt ​​ဖိုင်​​ကို ​​ပြင်​​ရေး​​ဖို့၊ zip ​​ဖြည်​​ဖို့၊ SD card ​​ထဲ​​ကို copy ​​လုပ်​​တတ်​​ဖို့​​ပဲ ​​လို​​ပါ​​တယ်။

GoPro Hero3+ ​​အ​​တွက် ​​လို​​အပ်​​တဲ့​​ဖိုင်​​ကို Download ​​လုပ်​​ပါ။

Download

zip ​​ဖြည်​​ပါ။ 
update ​​ဆို​​တဲ့ folder ​​ထဲ​​က setting ​​ဖိုင်​​ကို text editor ​​တ​​ခု​​ခု​​ဖြင့်​​ဖွင့်​​ပါ (ex: notepad)
 ssid ​​နောက်​​က MyGoProSid ​​နေ​​ရာ​​မှာ ​​ကိုယ်​​ပေး​​ချင်​​တဲ့ ​​နာ​​မည်​​ပေး​​ပါ။
password ​​နောက်​​က mypassword ​​နေ​​ရာ​​မှာ ​​ထား​​ချင်​​တဲ့ password ​​ထား​​ပါ။ 
save ​​လုပ်​​ပါ။
​​ပြီး​​လျင် ​​ထို update ​​ဆို​​တဲ့ folder ​​ထဲ​​က ​​ဖိိုင် ၂ ​​ခု​​ကို SD card (​​အ​​ပြင်​​ဘက်​​ဆုံး​​သို့/folder ​​လိုက်​​မ​​ဟုတ်​​ပါ) ​​ကူး​​ထည့်​​ပါ။
 ​​ပြီး​​လျင် gopro ​​မှာ ​​ထိုး​​ပါ။
gopor ​​ကို power ​​ဖွင့်​​ပါ။ wifi setting update ​​လုပ်​​ပြီး ​​ပြန်​​ပွင့်​​လာ​​လျှင် ​​မိ​​မိ​​ပြောင်း​​ထား​​သော password ​​နဲ့ ​​ပြန်​​ဝင်​​လို့​​ရ​​ပါ​​ပြီ။

Previous
Next Post »

1 comments:

Write comments
July 4, 2017 at 4:24 PM delete

Great Blog!! That was amazing. Your thought processing is wonderful. The way you tell the thing is awesome.

Monopod Selfie Stick for Gopro

Reply
avatar