How to make Facebook Profile Frame

Facebook Profile Frame ​လု​ပ္န​ည္း

Facebook ​ရဲ့ Camera Effects Platform ​နဲ့ Profile Frame ​တွေ​ကို ​ကိုယ်​တိုင် ​လုပ်​လို့​ရ​ပါ​တယ်။

​ဘယ်​သူ​တွေ​သုံး​လဲ၊ ​အ​သုံး​ပြု​သူ ​ဘယ်​နှစ်​ယောက်​ရှိ​လဲ ​ဆို​တာ​ကို​ပါ ​ကြည့်​လို့​ရ​ပါ​တယ်။ ​ပုံ​မှာ​ပြ​ထား​တာ ​ကျ​နော်​စမ်း​လုပ်​ထား​တဲ့​ဟာ​တွေ​ပါ။

​ကိုယ့်​အ​ဖွဲ့​စည်း​လေး​တွေ၊ ​ကျောင်း​တွေ ​အ​တွက် ​လုပ်​လို့​ရ​တာ​ပေါ့။ ​အောက်​က ​လင့်ခ်​မှာ ​ဝင်​လုပ်​ကြည့်​လို့​ရ​ပါ​တယ်။

https://www.facebook.com/fbcameraeffects/home/

Profile Frame ​တွေ​ဟာ ​အ​မြဲ​တမ်း​သုံး​ချင်​လည်း ​ရ​သ​လို ​အ​ချိန် ​တစ်​နာ​ရီ၊ ​တစ်​ရက်၊ ​တစ်​ပတ် ​စ​သည်​ဖြည့် ​ခ​ဏ​တာ ​သုံး​ချင်​လည်း ​ရ​တဲ့​အ​တွက် ​စိတ်​ဝင်​တ​စား ​ရှိ​ကြ​ပါ​တယ်။ ​လတ်​တ​လော ​ပေါ်​ပြူ​လာ ​ဖြစ်​သွား​တာ​က​တော့ ​ဘ​စိုင်း​နဲ့ Mary ​ရဲ့ Frame ​ပေါ်​လာ​ပြီး​တဲ့​နောက်​မှ ​အ​သုံး​ပြု​သူ​တွေ ​ပို​များ​လာ​ပါ​တယ်။

🖼 ​လုပ်​မယ့် ​ပုံ​မှာ Website Link ​တွေ ​ထည့်​လို့ ​မ​ရ​ပါ​ဘူး။ ​အဲ​ဒါ​တွေ​ပါ​ရင် ​လက်​မ​ခံ​ပါ​ဘူး။

​ပုံ​က ​အ​ကြည်​ဖြစ်​ရ​ပါ့​မယ်။ .png ​နဲ့ ​သိမ်း​ပါ။

Profile ​အ​တွက်​ပဲ ​သုံး​ချင်​တာ​မို့ size ​က​တော့ ​လေး​ထောင့်​ကျ​တာ ​သုံး​ပါ။

​ကျ​နော်​က 640x640 px ​သုံး​ပါ​တယ်။

​ကျ​နော်​လည်း ​ဒီ​ဇိုင်း​မ​ဆွဲ​ဖြစ်​တာ ​ကြာ​တော့ ​ရ​သ​လို​တော့ ​လုပ်​ထား​တာ​တွေ​ပါ။

⚠️ ​ကိုယ်​ပေး​ထား​တဲ့ ​နာ​မည် ​ပြန်​ပြောင်း​လို့​မ​ရ​သ​လို ​ပုံ​ကို​လည်း edit ​ပြန်​လုပ်​လို့ ​မ​ရ​ပါ​ဘူး။ ​တ​ခြား keywords ​တွေ​ဘာ​တွေ​တော့ ​ပြောင်း​လို့​ရ​ပါ​တယ်။ ​တ​ခု​ခု​မှား​သွား​တယ်​ဆို​ရင် ​အ​သစ်​သာ ​ပြန်​လုပ်​ရ​ပါ​တယ်။

📵 ​ဖုန်း​နဲ့ ​လုပ်​ဖို့ ​မ​လွယ်​ပါ​ဘူး။

💻 ​ကွန်​ပျူ​တာ​နဲ့ ​လုပ်​ပါ။

🖌 Photoshop ​နဲ​နဲ​ပါး​ပါး ​တီး​ခေါက်​မိ​ရင် ​ဖြစ်​ပါ​တယ်။

-------

​စာ​ကြွင်း - - - ​ကိုယ်​က​သာ ​ကူ​ညီ​ပေး​နေ​ရ​တာ ​ကိုယ်​တိုင်​က​တော့ ​အ​ဆင်​ပြေ​လှ​တယ် ​မ​ဟုတ်​ဖူး။

​ပြီး​ခဲ့​တဲ့ ​တစ်​ရက်​က ​အိမ်​မှာ ​မီး​လောင်​ထား​တော့ ​လျှပ်​စစ်​မီး​က ​မီး​လင်း​ဖို့​ရယ် Aircon ​ရယ်​ပဲ ​ရ​ပါ​တယ်။ ​မီး​ပ​လပ်​တွေ ​အ​ကုန်​လုံး ​သုံး​မ​ရ​သေး​ဘူး။ ​အဲ​ဒါ​ကြောင့် ​အင်​တာ​နက်​လည်း ​မ​ရ​ပါ​ဘူး။ ​ကွန်​ပျူ​တာ​လည်း ​အား​မ​ရှိ​တော့ ​သုံး​လို့​မ​ရ​ပါ​ဘူး။

​ဒါ​ကြောင့် Frame ​လေး​တွေ ​လုပ်​ခိုင်း​နေ​တဲ့​သူ​တွေ​ကို ​အား​နာ​ပါ​တယ်​ဗျာ။ ​နား​လည်​ပေး​ကြ​ပါ။ ​အ​ဆင်​ပြေ​ရင် ​အ​ပေါ်​က ​ပြော​ထား​တဲ့ ​နည်း​အ​တိုင်း​သာ ​လုပ်​ကြ​ပါ။ ​လူ​တိုင်း ​လုပ်​လို့​ရ​ပါ​တယ်။ Facebook ​က ​သူ​တို့ ​စည်း​ကမ်း​နဲ့ ​ကိုက်​ညီ​တယ်​ဆို​ရင် ​ချက်​ချင်း ​လက်​ခံ​ပါ​တယ်။
Previous
Next Post »