How to Change Zawgyi Font on Word Press Desktop App


Word Press Zawgyi Myanmar Font
Post Editor တွင် ဇော်ဂျီ မြင်ရပုံ
WordPress Desktop App မှာ ဇော်ဂျီဖွန့် မြင်ရအောင် ပြုလုပ်ခြင်း။

WebSite နည်းပညာတွေနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီ။ အထူးသဖြင့် WordPress ဆိုရင် ပိုပြီးတောင် အလှမ်းဝေးသွားပါပြီ။
တနေ့ကမှ မိတ်ဆွေတစ်ယောက်ရဲ့ WordPress နဲ့ လုပ်ထားတဲ့ဆိုဒ်တစ်ခုကို ကူညီပေးရင်းမှ WordPress ဟာ Mobile App တင်မဟုတ်ပဲ Mac OS X , Windows နဲ့ Linux အတွက်ပါ App ထုတ်ပေးထားတယ်ဆိုတာ သိလိုက်ရပါတယ်။

သုံးရတာ တော်တော် အဆင်ပြေပါတယ်။ သို့သော် မြင်ရတဲ့ Font က Unicode Default ဆိုတော့ ဇော်ဂျီနဲ့ ရေးထားတဲ့ဆိုဒ်တွေ တိုင်ပတ်တာပါပဲ။

ဒီနေ့ အလုပ်သာ လုပ်နေရတာ စိတ်ထဲကတော့ ဘယ်လိုလုပ်ရင် ရမလဲ စဉ်းစားနေမိတယ်။ ရနိုင်မယ့်နည်းလည်း သိတယ်။ စမ်းကြည့်ဖို့ပဲ လိုတာ။
နောက်ရက်ကူးသွားရင် မေ့မှာစိုးလို့ အိမ်ပြန်ရောက်ရောက်ချင်းပဲ စမ်းကြည့်လိုက်ပါတယ်။

Install လုပ်ထားတဲ့ Directory ကိုသွားပါ။ ရှာရခက်နေရင် Desktop icon ကို Right Click နှိပ် Open File Location ကနေ သွားပါ။ အောက်မှာ ပြထားတဲ့ လမ်းကြောင်းတိုင်း သွားရင် Public ဆိုတဲ့ Folder တွေ့ပါလိမ့်မယ်။

WordPress.com\resources\app\calypso\public

အဲဒီ public Folder ထဲက style.css နဲ့ editor.css မှာ font-family နေရာတွေမှာ Zawgyi-One ထည့်ပေးရပါမယ်။ ကိုယ်လိုချင်တဲ့နေရာတွေ ဘယ်နေရာမှန်း မသိတဲ့အတွက် ကျနော်ကတော့ font-family: နေရာတွေ အားလုံးကို font-family: Zawgyi-One, လို့ အကုန်လုံး Replace လုပ်လိုက်ပါတယ်။

နောက်တစ်ဖိုင်က public ထဲက sections ဆိုတဲ့ ဖိုင်ထဲက post-editor.css ဆိုတဲ့ဖိုင်မှာလည်း အထက်ပါအတိုင်း ပြောင်းပေးဖို့ လိုပါတယ်။ ဒါမှ ပို့စ်အသစ်တင်တဲ့အခါလည်း ဇော်ဂျီတွေ မြင်ရမှာပါ။

တချို့ မမြင်ရတဲ့ အပိုင်းတွေ ရှိနေသေးရင် css ဖိုင် နာမည်တွေကိုသာ ကြည့်ပြီး font-family တွေ replace လုပ်ပေးလိုက်ပါဗျာ။

- 1-7-2018 တနင်္ဂနွေနေ့ညတွင် နွယ်ရိုး ရှာကြံ ကလိသည်။
www.nweyoe.net
Previous
Next Post »

1 comments:

Write comments
MYarsim
AUTHOR
November 5, 2018 at 9:33 PM delete

Thanks👍👍👍👍

Reply
avatar