Jumper T16 Pro Multi Protocol RC Transmitter


၂၀၂၀ နှစ် အစမှာ Radio အသစ်တလုံး ဝယ်ဖြစ်ခဲ့တယ်။ အစောပိုင်းက Frsky Tranis X9d Plus Se ဝယ်ဖို့ စဥ်းစားခဲ့ပေမယ့် software အတူတူဖြစ်တဲ့အပြင် ဈေးသက်သာတဲ့ Jumper T16 Pro ဝယ်ဖြစ်ခဲ့တယ်။

Frsky က ၄သိန်းကျော် ၅သိန်းနီးပါး ကျသင့်ပေမယ့် Jumper T16 Pro က ၂သိန်းခွဲ စွန်းစွန်းသာ ကျပါတယ်။ ပိုနေတဲ့ငွေနဲ့ TBS Crossfire Lite ဝယ်လိုက်ပါတယ်။ နှစ်ခုပေါင်း​​​ဈေးနှုန်းက X9d Plus SE နဲ့ အတူတူလောက် ကျသွားပါတယ်။ 


Jumper T16 Pro ကို ဘာလို့ဝယ်ဖြစ်လဲဆိုတော့ OpenTx သုံးထားပြီး Color Display နဲ့ပါ။ Hall Sensor Gimbal နဲ့ မို့ Frsky X9d နဲ့ အတူတူပါပဲ။ ဘော်ဒီပုံစံကလည်း ပါးလွှာပြီး ကျစ်ကျစ်လစ်လစ် ရှိပါတယ်။ 
Multi Protocol မို့ Receiver တော်တော်များများနဲ့ Bind လို့ရပါတယ်။ 

T16 နဲ့ T16 Pro ဆိုပြီး လာပါတယ်။ T16 Pro က T16 ကို Upgrade လုပ်ထားတာပါ။ ရိုးရိုး Gimbal တွေကနေ Hall Sensor Gimbal ဖြစ်သွားတယ်။ Multi Protocol Module ကို External ကနေ Internal ပြောင်းထည့်ပေးထားပါတယ်။ အဲဒီအတွက် နောက်မှာ နှစ်သက်ရာ Module ကို တပ်ထားရင်း Multi Protocol Module ကိုလည်း အသုံးပြုနိုင်ပါတယ်။

ဝယ်ဖို့ ရွေးချယ်တဲ့အခါမှာ T16 နဲ့ T16Pro သိသာတဲ့ ကွာခြားချက်က T16 ဟာ Logo အနီရောင်နဲ့လာပြီး နောက်မှာ External Module တပ်ထားပါတယ်။ T16 Pro ကတော့ Logo အဖြူရောင်နဲ့လာပြီး Multi Protocol Module က အထဲမှာ ထည့်ထားတဲ့အတွက် နောက်ကျောမှာ ဘာမှပါလာမှာ မဟုတ်တော့ပါဘူး။ 

Begineer တွေကတော့ မသုံးသင့်ပါဘူး။ Radio တွေကို အခြေခံကိုင်လာပြီးတဲ့ သူတွေသာ အသုံးပြုသင့်ပါတယ်။ 

ဈေးနှုန်းသက်သာပြီး ဈေးကြီးပေးဝယ်ရတဲ့ Radio တွေမှာပါတဲ့ Function တွေသုံးချင်တယ် ဆိုရင်တော့ Jumper T16 Pro ကိုရွေးချယ်ဖို့ အကြံပေးပါတယ်။


Previous
Next Post »