How to change language in ISTD Q6 Lite Charger


ISTD Lipo Charger လေးဟာ အိပ်ကပ်ထဲ ထည့်သယ်သွားလို့ရလောက်အောင်ကို သေးငယ်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ Charger လေးတစ်ခုပါ။ Q6 Pro, Q6 Lite ဆိုပြီး ရှိပါတယ်။ Watt ကွာသွားပါတယ်။ Pro က Watt များပြီး ဈေးလည်း ပိုပေးရပါတယ်။

AC နဲ့ အားသွင်းမယ်ဆိုရင်တော့ 12V Adapter/Power Supply တစ်ခု လိုအပ်ပါတယ်။ ဘက္ကထရီ အမ်ပီယာများတဲ့ အကြီးတလုံးကနေ အသေးတွေကို အရေးပေါ် ခွဲသွင်းလို့ရပါတယ်။

စက်ရုံထုတ် တရုတ်စာတွေနဲ့ လာပေမယ့် Language က English ပါပြီးသားပါ။ ချက်ချင်း ပြောင်းလို့ မရပါဘူး။ စက်ထဲမှာပါတဲ့ Serial ကို သူတို့ဆီကို လှမ်းပို့ပြီး Unlock Code တောင်းရပါတယ်။ ISTD Facebook Page မှာ Message ပို့ပြီးတောင်းရင် ချက်ချင်းရပါတယ်။ သူတို့ Online မှာ ရှိနေရင် ချက်ချင်းပေးပါတယ်။ ရလာတဲ့ ကုဒ်ကို စက်မှာ ပြန်သွင်းရိုက်ပြီးတော့ Language ကို Unlock လုပ်ရပါတယ်။

Language unlock လုပ်နည်း သတ်သတ် တင်ပေးပါ့မယ်။

Previous
Next Post »