Jumper T16 OpenTX Plays Custom Sound Track or MP3 Files

 Open TX သုံးထားတဲ့ Radio တွေမှာ မိမိစိတ်ကြိုက် အသံပြောင်းချင်ရင် ရပါတယ်။ Startup အချိန်တွေ၊ ခလုပ်တွေနှိပ်လိုက်ရင် ထွက်လာမယ့် အသံတွေ၊ Warning အသံတွေ စသည်ဖြင့် ပြောင်းထားပေးလို့ရပါတယ်။ တချို့ဆိုရင် Package အလိုက်ပြောင်းဖို့ ပေးထားကြပါတယ်။ မြန်မာအသံတွေလည်း ပြောင်းလို့ရပါတယ်။ ဥပမာ Welcome to Open TX ဆိုတာကို မင်္ဂလာပါလို့ ပြောင်းသလိုမျိုးပေါ့။

ကိုယ့်ဆီမှာတော့ အသံဖိုင်ရှိရပါမယ်။ မိမိကိုယ်တိုင် သွင်းထားတဲ့အသံဖိုင်၊ စိတ်ကြိုက်ထားချင်တဲ့ အသံကို .wav format နဲ့ ရှိရပါမယ်။ အဲဒါကို Memory Card ထဲက Sound Folder ထဲကိုသွား၊  ပြီးရင် ပြောင်းချင်တဲ့ အသံဖိုင်ရဲ့ နာမည်အတိုင်း ထည့်ပေးလိုက်ရုံပါပဲ။ Original ဖိုင်နာမည်ကိုတော့ တခြားတခုခု အရင်ပြောင်းထားပါ။ ဒါမှမဟုတ် အပြင်ဖက်မှာ Folder တစ်ခုထဲမှာ Backup အနေနဲ့ ထည့်ထားပါ။

တခုရှိတာက .wav format နဲ့ ရှိနေမယ့် အသံဖိုင်ဟာ အောက်ပါအတိုင်း ဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ Mp3 file ကို convert လုပ်ရတာဆိုရင် convert လုပ်ကတည်းက အောက်ပါအတိုင်း setting တွေ ပြောင်းပေးထားရပါမယ်။ မဟုတ်ရင် အသံ ကြည်ကြည်လင်လင် ကြားရမှာ မဟုတ်ပါဘူး။

  • Sample Rate: 32 kHz (or 16 Khz, 8Khz)
  • Bits / Sample: 16 (or 8)
 




Previous
Next Post »