Safety Rules for RC/FPV Flying

 FPV မှ မဟုတ်ပါဘူး။ အခြား Radio Control လေယာဉ်လေးတွေ ပျံမယ်ဆိုရင် ဘေးကင်းလုံခြုံမှုကို အမြဲတမ်းပထမ ဦးစားပေးပြီးမှ လာပျံသင့်ပါတယ်။

ဒီ FPV Mini Quad တွေဟာ တကယ်မြန်ပြီး အရမ်းအားပြင်းတယ် ဆိုတာကိုအမြဲ သတိရထားပါ။ ဒီလို မြန်ပြီး အားပြင်းတဲ့ Drone တွေကြောင့် လူနဲ့ တိရစ္ဆာန် တွေကို ထိခိုက်နိုင်ပြီး တိုက်မိတဲ့ ပစ္စည်းတွေ ပျက်ဆီး ဆုံးရှုံးနိုင်ပါတယ်။ 
ဘေးကင်းလုံခြုံမှုစည်းမျဉ်တွေကို  မလိုက်နာတဲ့သူတွေ ကို ကျနော်တို့ အနေနဲ့ လက်ခံ ပေးလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ စည်းကမ်းတကျ ပျံသန်းနေတဲ့ တခြားသူတွေအတွက်ပါ အထင်မြင် လွဲမှားစရာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိက ကတော့ Beginner တွေပါ။ ကိုယ့်စီးတဲ့မြင်း အထီးမှန်း အမမှန်းတောင် မသိသေးခင်မှာ အရမ်းကို လက်တည့်စမ်းချင်ကြတာပါ။ စီနီယာတွေရဲ့ သင်ကြားမှုတွေကို ဂရုတစိုက် လေ့လာသင်ယူပြီး အန္တရာယ်ကင်းအောင် မောင်းနိုင်တဲ့ အချိန်မှာမှ လုပ်ချင်တာလေးတွေ လက်တည့်စမ်းကြပါ။ 
မိမိကြောင့် အခြားသူများရဲ့ ဝါသနာနဲ့ လေကြောင်းဝါသနာရှင်များရဲ့ ဂုဏ်သတင်းတွေကို မထိခိုက်ပါစေနဲ့။
ပုံမှန်အားဖြင့် FPV, RC နှင့် Model Flying နှင့်ပတ်သက်တဲ့ ကိုယ့်ဒေသဆိုင်ရာစည်းမျဉ်း စည်းကမ်းများ ကိုလေ့လာပါ။ စစ်ဆေးပါ။ ခွင့်တောင်းပါ။
တယောက်ထဲ သွားလွှတ်မှာထက် ကိုယ့်ကို ကူညီပေးနိုင်မယ့် အဖော်အပေါင်းခေါ်ပါ။ မျက်မှန်ကြီးတပ်ပြီး အသည်းအသန်မောင်းနေတာ နောက်က ပစ္စည်းတွေ မ သွားမှာ မသိလိုက်တာမျိုး၊ ကိုယ့်ကို လာရိုက်သွားမှာမျိုးတွေ မကြုံရအောင် ဂရုစိုက်ကြပါ။
သင့်တော်မယ့် ကွင်းနေရာကိုရွေးချယ်ပါ။
လူများ၊ တိရိစ္ဆာန်များနဲ့ နီးကပ်စွာပျံသန်းခြင်း၊ ၎င်းတို့အပေါ်မှ ပျံသန်းခြင်းတွေကို ရှောင်ပါ။
အကယ်၍ ပျက်ကျသွားခဲ့သည်ရှိသော် ပျက်ကျသွားတဲ့ quad ကိုကောက်ယူပြီးတာနဲ့ ဘက်ထရီကို ချက်ချင်းဖြုတ်လိုက်ပါ။
Multicopter ကိုလေထဲမှာ ဖမ်းဖို့ မကြိုးစားပါနဲ့။
ပျက်စီးသွားသော LiPo ကိုဘယ်တော့မှမသုံးပါနဲ့။
အလျင်းသင့်သလို့ ထပ်မံဖြည့်စွက် ရေးပါဦးမည်။
Previous
Next Post »