Radio Control လေယာဉ်လေးတွေ ဆောက်မလား
- လေယာဉ်ဆောက်မလားသာပြောတယ် အကောင်းဆုံးအတွက် အကြံပေးချင်တာကတော့ အခုမှစပြီး လွှတ်မယ်ဆိုရင် RTF (Ready fo Fly) သာ ဝယ်လွှတ်ပါလို့ ပြောချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကိုယ်တိုင်ဆောက်ပြီး လွှတ်မယ်ဆိုရင် ကိုယ့်လေယာဉ်တက်လား မတက်ဘူးလားဆိုတာက ပြောရခက်ပါတယ်။ ချိန်ဆဖို့က လေယာဉ်ကိုယ်ထည် တည်ဆောက်မှု အပိုင်းတင်မကပဲ Electric အပိုင်းတွေကိုပါ သိထားဖို့ လိုပါတယ်။ မဟုတ်ရင် ESC လောင်ရတာနဲ့ မော်တာ လောင်ရတာနဲ့ လေယာဉ် ဝိတ်မညီပဲ ဇောက်ထိုးဆင်းဆင်းနေလို့ ပန်ကာကျိုးရတာနဲ့ အရင်းအနှီးကြီးပါတယ် ( ကိုယ်တွေ့ )။ ဒါ့အပြင် တည်ဆောက်ဖို့၊ အရှင်းဆုံးပြောရရင် လက်သမားပစ္စည်းတွေ မရှိပဲလည်း မဖြစ်ပြန်ဘူး။ ဖော့လှီးဖို့ ဓားလိုတယ်။ ကပ်ဖို့ ကော်လိုတယ်။ (အမြှပ်ကော်၊ Hot Glue ... စသည်ဖြင့်)၊ ခဲဆော်ဖို့ ခဲဂေါက်လိုတယ်။ ဒါတွေအသင့်မရှိရင် ဝယ်ရတဲ့ စရိတ်က ရှိနေပြန်ပါတယ်။ နောက်ဆုံး ခြုံကြည့်လိုက်ရင် ဝယ်လွှတ်တဲ့ဈေးနဲ့ ကိုယ်တိုင်ဆောက်တဲ့ ဈေးက အတူတူလောက် ကျပါတယ်။ ကွာခြားတာကတော့ ကိုယ်တိုင်ဆောက်ပြီး လွှတ်ရတာနဲ့ ဝယ်ပြီး လွှတ်တာမှာ ကိုယ်တိုင်ဆောက်ပြီး လွှတ်ရတာကတော့ Feel ပဲဗျို့။
- ကဲ ဒီတော့ ကိုယ်တိုင်မှ ဆောက်ချင်တယ်ဆိုရင် ဒီပစ္စည်းလေးတွေတော့ လိုသဗျ
- Transmitter + Receiver
- Motor
- ESC
- Servo
- Battery + Charger
- Propeller နဲ့ လေယာဉ် ကိုယ်ထည်တစ်ခုအပြင် တွဲဆက်ဖို့ တိုလီမုစ လေးတွေတော့ လိုပါလိမ့်မယ်။ ကိုယ်ထည်က အသင့်ပြုလုပ်ပြီးသား KIT သို့မဟုတ် မိမိဘာသာ ဆောက်ရပါမယ်။ KIT တွေက စက်ရုံထုတ် စမ်းသပ်ပြီးသားတွေဖြစ်လို့ ထွေထွေထူးထူး ချိန်စရာ သိပ်မလိုပါဘူး။ တွဲဆက်ဖို့ ပစ္စည်းတွေလည်း အရံသင့် ပါဝင်ပါတယ်။

Transmitter က အနည်းဆုံး 4 Channel လိုအပ်ပါတယ်။ အခြေခံအားဖြင့် AETR ( Ailerons, Elevators, Throttle, Rudder ) ဆိုတဲ့ စံနစ်အတိုင်းဆို ပျံသန်းဖို့ အသင့်ဖြစ်ပါပြီ။ ဒါကြောင့် အနည်းဆုံး 4 Channel Transmitter နဲ့ Receiver လိုအပ်ပါတယ်။
Motor ကတော့ Brushless Motor တွေ အသုံးများပါတယ်။ ကျနော်တို့ ငယ်ငယ်ကဆော့တဲ့ ကားလေးတွေမှာပါတဲ့ မော်တာတွေကို တွေ့ဖူးကြမှာပါ။ ကြိုးနှစ်ချောင်းထဲပါပြီး ဘက္ထရီကို အပေါင်းအနှုတ်ပေးလိုက်တာနဲ့ လည်တယ်လေ။ အဲဒါက Brush Motor တွေပါ။

မော်တာနဲ့ ပန်ကာတွဲပြီး ဘက္ထရီနဲ့ချိတ်တာနဲ့ မော်တာလည်ဦးမှာ မဟုတ်ပါဘူး။ Brush Motor တွေကို ထိန်းဖို့ Brush Motor ESC လိုသလို Brushless Motor တွေကို ထိန်းဖို့ Brushless Moter အတွက် ESC (Electric Speed Controller) လိုအပ်ပါတယ်။ ဘက္ထရီကနေ ESC ကို Power ရောက်တယ်။ ESC ကနေ Receiver နဲ့ မော်တာကို ကို Power ရောက်ပြီး Transmitter နဲ့ ချိတ်မိတာနဲ့ Transmitter က ထိန်းချုပ်သမျှ မော်တာက အလုပ်လုပ်ပါတယ်။ မော်တာအတွက်က Throttle ပါ။ Transmitter မှာ Throttle ခလုပ်က အတိုးအလျှော့ လုပ်လို့ရတယ်။ မူရင်းနေရာ ပြန်မရောက်ဘူး။ ဒီတော့ မှတ်ထားရမှာ Motor အတွက်က Throttle ဖြစ်ပါတယ်။ ESC က ထွက်လာတဲ့ Signal ကြိုးကလေးကိုတော့ Receiver ရဲ့ တတိယ ငုတ်မှာ တပ်ပါတယ်။ Throttle ဟာ AETR ရဲ့ တတိယမှာ ရှိတယ်လေ။
အတောင်ပံ ၂ ခုက ပဲ့တွေကိုတော့ Aileron လို့ ခေါ်ပါတယ်။ ဘယ်ညာထိန်း ရွက်မပေါ့။ သူတို့လေးတွေ အလုပ်လုပ်ဖို့က Servo Motor တွေ အသုံးပြုပါတယ်။ Aileron အတွက်ကတော့ Servo ၂ လုံး သို့မဟုတ် ၁ လုံးထဲ အသုံးပြုနိုင်ပါတယ်။ တစ်လုံးထဲဆိုရင် ၂ ခုကြား အလယ်မှာတပ်သုံးသလို နှစ်လုံးအသုံးပြုမယ်ဆိုရင် အတောင်ပံ တဖက်တချက်မှာ တစ်လုံးစီတပ်ပြီး Y Cable ကနေတဆင့် ချိတ်ဆက်ရပါတယ်။ Y Cable ကနေ ထွက်လာတဲ့ ကြိုးကတော့ Receiver ရဲ့ ပထမဆုံးငုတ်မှာ တပ်ပါတယ်။ AETR မှာ Ailerons က ပထမဆုံးလေ။

အမြီးပိုင်းမှာတော့ ပဲ့ ၂ ခုရှိပါတယ်။ အပေါ်တက် အောက်ဆင်းလုပ်ဖို့ Elevator ရယ် ဘယ်ညာကွေ့ဖို့ Rudder ရယ်ပါ။ Servo တစ်လုံးစီ အသုံးပြုပြီး Elevator က Receiver ရဲ့ ဒုတိယငုတ်၊ Rudder က Receiver ရဲ့ စတုတ္ထငုတ်မှာ တပ်ရပါတယ်။
အဲ... ဒါတွေတပ်ပြီးရင် CG လို့အတိုကောက် ခေါ်တဲ့ Center of Gravity ကို ချိန်ပေးဖို့ အဓိက လိုအပ်ပါတယ်။ ဘက္ထရီကို ရှေ့တိုးနောက်ဆုတ် နေရာလိုက်ချပြီး ချိန်ကြည့်ပါ။ KIT တွေကတော့ Recommed ပေးထားတဲ့အတိုင်း တပ်ရင် သူ့ဟာနဲ့သူ ညီပြီးသား ဖြစ်နိုင်ပါတယ်။ ဒီတော့ ပျံဖို့ပဲ လိုတော့တာပေါ့။

ကြားထဲမှာ ကျနော် အဆင့်တွေ ကျော်ခဲ့ပါသေးတယ်။ Transmitter နဲ့ Receiver ချိတ်မိဖို့ Binding လုပ်တာတွေပါ။ နောက်ကျတော ့ဆက်ရေးပါဦးမယ်။
လေယာဉ်တစ်စီး အနည်းဆုံးဈေး အကြမ်းအားဖြင့်
Motor = 10000
ESC = 8000
Servox4 = 12000
Battery 1300mah = 10000
Charger = 15000
KIT = 40000
4 Channel Transmitter + Receiver = 45000
Prop = 2000 . . . ဆိုတော့ တစ်သိန်းခွဲ ဝန်းကျင် ကျမှာပါ။
ကဲ . .. ဒီတော့ RTF တစ်စီးစာ ဘာမှတော့ သိပ်မကွာပါဘူး။ Wing Dragon လေးတွေ ဝယ်လွှတ်လို့ ရပါတယ်။ ပျက်ရင်လည်း ပြင်လို့ရနိုင်ပါတယ်။ ပစ္စည်းတွေဖြုတ်ပြီး အခြားလေယာဉ်မှာ တပ်သုံးမယ်ဆိုလည်း ဖြစ်တယ်လေ။
EmoticonEmoticon