Building Basic Multicopter

​အ​ခြေ​ခံ Multicopter ​တည်​ဆောက်​ခြင်း

Multicopter ​လို့​ခေါ်​တဲ့ ​ပန်​ကာ​လေး​ဖက်​တပ် ​ယာဉ်​ပျံ​ငယ်​လေး​တွေ​ကို  3 idiots ​ဆို​တဲ့ ​အိ​န္ဒိ​ယ ​ဇာတ်​ကား​လေး​တစ် ​ကြည့်​ဖူး​သူ​တိုင်း ​သိ​ကြ​မှာ​ပါ။ ​နည်း​ပ​ညာ​ကျောင်း​သား ​တစ်​ယောက်​က ​အ​ချိန်​မ​လုံ​လောက်​တာ​ကြောင့် ​ဆက်​ပြီး ​တီ​ထွင်​ခွင့် ​မ​ရ​တာ​ကို ​ဇာတ်​လိုက် ​မင်း​သား​က ​ဆက်​တီ​ထွင်​ခဲ့​တဲ့ ​ဇာတ်​ဝင်​ခန်း ​တစ်​ခန်း ​ဖြစ်​ပါ​တယ်။


​ယ​ခု​ကျ​နော်​တို့​ဆီ​မှာ (​ဈေး​ကြီး​ကြီး ​ခက်​ခက်​ခဲ​ခဲ) ​အ​သင့်​ဝယ်​သုံး​နိုင်​သ​လို ​ကိုယ်​တိုင် ​တည်​ဆောက်​ကြည့်​ချင်​တဲ့ ​ဝါ​သ​နာ​ရှင် ​ကျောင်း​သား ​လူ​ငယ်​တွေ​အ​တွက် ​အ​ခြေ​ခံ​ကျ​တဲ့ ​တည်​ဆောက်​ပုံ​ကို ​တတ်​နိုင်​သ​လောက် ​ဝေ​မျှ​ပါ့​မယ်။

Multicopter ​တစ်​စီး ​တည်​ဆောက်​ဖို့​ဆို​ရင် Multicopter ​တွေ ​ဘယ်​လို ​အ​လုပ်​လုပ်​သ​လဲ​ဆို​တာ ​အ​ကြမ်း​ဖျင်း ​သိ​ထား​ဖို့ ​လို​အပ်​ပါ​တယ်။ ​ဒါ​ကို​တော့ Myanmar Aero Hobbyist Association ​က ​ရေး​သား​ထား​တဲ့ ​အ​ခြေ​ခံ​ကို ​ဖတ်​ကြည့်​သင့်​ပါ​တယ်။

Credit to Myanmar Aero Hobbyist Association

​အ​ခြေ​ခံ​အား​ဖြင့် ​သိ​သွား​ပြီ​ဆို​ရင်​တော့ ​လို​အပ်​တဲ့ ​ပ​စ္စည်း​တွေ ​ရ​ဖို့​လွယ်​ကူ​ပြီး ​ဈေး​သက်​သာ ​အ​ခြေ​ခံ​ကျ​တဲ့ Multicopter ​တစ်​စီး ​တည်​ဆောက်​ဖို့  ​အောက်​ပါ ​ပ​စ္စည်း​တွေ ​လို​အပ်​ပါ​မယ်။

1. 450 Size Multicopter Frame x 1
2. 980 Kv Brushless Motor x 4
3. 30A Electronic Speed Controller (ESC) x 4
4. KK2.0 Multi-rotor LCD Flight Controller x 1
5. (10×4.5) Propeller x4 (2 clockwise and 2 counter-clockwise)
6. Battery 3 cell Lipo 3000mah x 1
7. Transmitter/Receiver
8. Battery Charger

​စ​သည်​ဖြင့် ​လို​အပ်​မှာ​ပါ။ ​အ​ခြား ​လို​အပ်​တာ​တွေ​က​တော့ Motor ​နဲ့ ESC ​တွဲ​ဆက်​မယ် Bullet Connector , Batter ​နဲ့ Quadcopter ​ကို ​ချိတ်​ပေး​ဖို့​အ​တွက် T-Plug ​စ​တာ​တွေ ​လို​အပ်​ပြီး ​ဝါ​ယာ​ကြိုး​များ ​သေ​သပ်​စွာ​ဆက်​နိုင်​ဖို့ Heat Shrink ​အ​နည်း​ငယ်၊ Frame ​မှာ ESC ​များ​တွဲ​ဖို့​အ​တွက် ​ခဲ​ဂေါက်​စ​သည်​ဖြင့် ​လို​အပ်​ပါ​မယ်။ ​ဒါ​အ​ပြင့် Screw ​တွေ​အ​တွက် Screw Driver ​နဲ့ L-Key ​တွေ ​လို​အပ်​ပါ​မယ်။

​အ​ခြေ​ခံ​သ​ဘော​တ​ရား ​ရေး​ပြ​တာ​မို့ KK Control ​ကို​သုံး​ထား​တာ ​ဖြစ်​တဲ့​အ​တွက် GPS ​စံ​နစ်​မ​ပါ​ပါ​ဘူး။ ​အဲ​ဒီ​တော့ Return Home ​စ​တဲ့ Function ​တွေ​တော့ ​မ​ရ​ပါ​ဘူး။ ​ပျံ​ရုံ​သက်​သက်​ပါ​ပဲ။


Frame ​တွေ​ဝယ်​ရင် ​ပါ​ကင်​ကို ​ကျုံ​အောင်​ဖြစ်​စေ​ချင်​တဲ့​အ​တွက် ​တ​စ​ချင်း​စီ ​ဖြုတ်​ပြီး ​ထည့်​ပေး​တတ်​ပါ​တယ်။ ​ကိုယ့်​တိုင်း​ကို ​ပြန်​ဆင်​ရ​ပါ​တယ်။ Frame ​တွေ ​တော်​တော်​များ​များ​မှာ​က L-Key ​အ​သုံး​ပြု​ရ​တဲ့ ​စ​ကူ​တွေ​နဲ့ ​တပ်​ရ​ပါ​တယ်။



 Frame ​ဆင်​ပြီး​ပြီ​ဆို​ရင်​တော့ Frame ​မှာ ESC ​တွေ​ကို ​ခဲ​ဆော်​ပြီး ​တပ်​ရ​ပါ​မယ်။  

ESC ၄ ​ခု ​တွဲ​ဆက်​ထား​ပုံ

ESC ​မှာ​က ​တ​ဖက်​မှာ ​ပါ​ဝါ​အ​တွက် ​ကြိုး​နှစ်​စ၊ ​တ​ဖက်​မှာ ​မော်​တာ​ဆီ​သွား​မယ့် ​ကြိုး​သုံး​စ​နဲ့ Flight Controller ​ဆီ​သွား​တဲ့ ​သုံး​ကြိုး​ပူး Singnal ​ကြိုး ​ပါ​ပါ​တယ်။ ​ပါ​ဝါ​အ​တွက်​ကြိုး​ကို Frame ​မှာ +,- ​အ​တူ​တ​ကွ ​ခဲ​ဆော်​ပြီး ​တပ်​ရ​မှာ ​ဖြစ်​ပါ​တယ်။ ​အ​ချို့​သော Frame ​တွေ​မှာ ESC ​ကို ​တ​ခါ​ထဲ ​တပ်​လို့​ရ​အောင် Frame ​ရဲ့ ​အောက်​ခံ​မှာ ​ပါ​ဝါ​လိုင်း​အ​တွက် Printed Circuit Board ​ဖြစ်​ပါ​တယ်။ ​မ​ဟုတ်​ဖူး​ဆို​ရင်​တော့ ​အ​ပေါ်​ပုံ​မှာ​လို Power Distribution  ​လို​အပ်​ပါ​တယ်။ ​၎င်း​နောက် ​ဘ​က္ထ​ရီ​ကို​သွား​ဖို့ T Plug ​ခေါင်း​အ​တွက် ​ကြိုး​ကို​လည်း ​တ​ခါ​ထဲ ​ခဲ​ဆော်​ရ​ပါ​မယ်။ ESC ​ကို​တော့ ​ဖ​ရိန်​ရဲ့ ​လက်​တံ​တစ်​ခု​စီ​မှာ Zip-Ties ​များ​ဖြင့် ​ချည်​ရ​ပါ​မယ်။

ESC ​ပါ​ဝါ​ယူ​ထား​ပုံ


ESC ​နဲ့ ​မော်​တာ​ကို ​တွဲ​ချိတ်​ဖို့​က​တော့ Banana Plug (Bullet Connector) ​တွေ ​အ​သုံး​ပြု​ရ​ပါ​မယ်။ ​အ​ချို့​က​တော့ ​တ​ခါ​ထဲ ​ခဲ​ဆော်​ပြီး ​တွဲ​ပါ​တယ်။ ​မော်​တာ ​ဘယ်​ညာ ​ပြောင်း​ပြန်​ဖြစ်​နေ​ရင် ​ဖြုတ်​လိုက်​တပ်​လိုက်​နဲ့ ​အ​လုပ်​ရှုပ်​လို့ Connector ​တွေ​ပဲ ​သုံး​ဖို့ ​အ​ကြံ​ပြု​ပါ​ရ​စေ။ Connector ​တွေ​ဟာ ​အ​များ​အား​ဖြင့် ESC ​ဖက်​မှာ​တော့ Female ​ကို​ထား​ပြီး ​မော်​တာ​ဖက်​မှာ​တော့ Male ​ကို ​ထား​တတ်​ကြ​ပါ​တယ်။

​မော်​တာ​တွင် Bullet Connector ​တပ်​ထား​ပုံ
 ​မော်​တာ​ကို​တော့ ​ဖ​ရိန်​မှာ Screw ​နဲ့​ဆွဲ​ရ​ပါ​မယ်။ ​လေး​ငါး​ခါ ​ပျံ​သန်း​ပြီး​တိုင်း Screw ​တွေ​ကို ​ပြန်​ကြပ်​သင့်​ပါ​တယ်။


​မော်​တာ ​တပ်​ဆင်​ထား​ပုံ
Control Board ​နဲ့ Receiver, ESC ​တွေ ​တွဲ​တဲ့ Electronic ​ပိုင်း ​တပ်​ဆင်​ဖို့​ကို​တော့ Control Board ​မှာ​ပါ​တဲ့ User Manual ​ကို ​ကြည့်​ရှု​လေ့​လာ​ပြီး ​တပ်​ဆင်​ပါ။ 

​တစ်​ယောက်​နဲ့​တစ်​ယောက် ​အ​သုံး​ပြု​တဲ့ Control Board ​တွေ Receiver ​တွေ ​မ​တူ​ညီ​နိုင်​တဲ့​တွက် ​ယ​ခု​ကျ​နော်​ရေး​ပြ​တာ​လည်း ​တူ​ညီ​ချင်​မှ ​တူ​ညီ​နိုင်​ပါ​လိမ့်​မယ်။ ​အ​ခြေ​ခံ​အား​ဖြင့်​တော့ ESC ​တပ်​ဆင်​ခြင်း၊ ​မော်​တာ​တပ်​ဆင်​ခြင်း၊ ESC ​နဲ့ ​မော်​တာ ​တွဲ​ဆက်​ခြင်း​တွေ​ဟာ ​တူ​ညီ​ပါ​တယ်။

​ယ​ခု ​ကျ​နော်​ရေး​ထား​တာ​တွေ​က ​လုံး​ဝ ​အ​ခြေ​ခံ​ပဲ ​ဖြစ်​ပါ​တယ်။ ​ဒီ​တစ်​ပုဒ်​ကို ​ဖတ်​ရုံ​နဲ့ Quadcopter ​တစ်​စီး ​တည်​ဆောက်​နိုင်​မှာ ​မ​ဟုတ်​ပါ​ဘူး။ ​ဆက်​လက် ​ရေး​သား​ပါ​ဦး​မည်။ ​ဆက်​လက် ​စောင့်​မျှော် ​ဖတ်​ရှု​ပါ​ခင်​ဗျာ။ :)

​လင်း​ထက်​အောင် ( ​နွယ်​ရိုး )
2/9/2015
Previous
Next Post »