Welcome to NweYoe.Net !

NweYoe.Net မှ ကြိုဆိုပါတယ်။

            လက်တည့်စမ်းရင်း ဖြစ်လာတဲ့ ဘလော့ဂ် တခုပါ။ တတ်လွန်း၍ ရေးသား ဖော်ပြထားခြင်းများ မဟုတ်ပဲ ၀ါသနာအလျောက် ဖြစ်ပေါ်လာတဲ့ နေရာလေး တခုဖြစ်ပါတယ်။ သိထားသမျှ ဗဟုသုတရမယ့် အကြောင်းများလည်း ရေးပါတယ်။ နည်းပညာအကြောင်း ပါးပါးလေး သိထားလို့လည်း အနည်းငယ်မျှ ပြန်လည် ဝေမျှထားပါတယ်။ တခါတလေ စိတ်ထွက်ပေါက်အနေနဲ့ ကိုယ့်အကြောင်းကိုယ် ရေးပါတယ်။

ကျေးဇူးတင်လျက်

Welcome to Nwe Yoe.Net

           This is a blog of unintentional existence without anything to show off the mastery (which, in fact, does not belong to me). It is literally just the product of my nature as well as hobby. The objective of this blog is to impart the very limited knowledge of mine and some information in the field of technology. Moreover, Some accounts of this blogger himself are exposed as well with the purpose to exist himself off his personal emotions.

With thanks.

Next Page »

About Me

           အမည်ရင်း လင်းထက်အောင်လို့ ခေါ်ပြီး ဗမာပြည်အလယ်ပိုင်း ရမည်းသင်းမြို့လေးမှာမွေး၊ တောင်ကြီးမြို့မှာ ကြီးပြင်းလာပြီးတော့ လက်ရှိ နယ်စပ်မြို့လေး တစ်မြို့မှာအလုပ်လုပ်ရင်း ဘ၀ကို ကျောင်းနေပါတယ်။ တချို့တွေကိုတော့ ခင်ရင် အသက်မမေးကြေးလို့ ပြောဖူးပေမယ့် အမှန်ဝန်ခံထားရရင် ကျွန်တော့် သုံးဆယ်နားမနီးတဲ့ ခပ်ငယ်ငယ်ပါပဲ။

           မဟုတ်ရင် မခံပါဘူး၊ (ဟုတ်ရင်လည်း ဇွတ်ငြင်းတတ်ပါသေးတယ် :D ) လူပုံက ခပ်ပိန်ပိန်၊ အသားမဖြူ မမည်း၊ အရပ် (ငါးပေ ငါးလက်မ ကျော်ကျော်)၊ အထင်ရှားဆုံးက သွား၊ အခုအလုပ်အသစ်ထဲက လုပ်ဖော်ကိုင်ဖက်တွေ ပြောစကားအရတော့ တာယာပွကြီး စာအုပ်ထဲက နေထက်ပူပြင်းနဲ့တူတယ်ဆိုပဲ။

           တချို့က မာနကြီးတယ်လို့ ပြောကြပါတယ်။ မဟုတ်ပါဘူး၊ မာနပဲရှိတာပါ၊ မာနမကြီးပါဘူး။ တကယ်လို့များ ကျွန်တော့်ကို Gtalk လိုမျိုး (Chatting) မှာ ကျွန်တော့် Address ကိုတွေ့လို့ Invite လုပ်ခဲ့သည်ရှိသော်ပေါ့၊ အကောင့်ကို ဘယ်ကနေ ဘယ်လိုရလဲ၊ ဘယ်သူလဲ မေးရင်သာ Forward ကရပါတယ်၊ လူပါ လို့မဖြေရင် ရပါပြီ။

           ခုချိန်ထိတော့ ရည်ရွယ်ချက်ကို ဖမ်းဆုပ်မရသေးပဲ မပြေလည်သေးတဲ့ဘ၀ကို ရအောင် ပဲ့ထိန်းနေပါတယ်။ ကြွေးဟောင်းဆပ်နေပါတယ်၊ အရာရာကတော့ လေ့လာနေတုန်း သင်ယူနေတုန်းပါပဲ။

« Previous Page | Next Page »

My Sites

Www.Blog.NweYoe.Net

project 1

ဒီ ဆိုဒ် လေး က ကျွန် တော့် ရဲ့ အ ပန်း ဖြေ ရာ လေး တ ခု ပါ ပဲ။ ကျွန် တော့် ဘ ၀ အ စိတ် အ ပိုင်း လေး တွေ ကို ရေး တယ်၊ နည်း ပညာ လေး တွေ ဗ ဟု သု တ လေး တွေ ရေး ပါ တယ်။

ကြည့်ရှု့ရန် »

Www.Image.NweYoe.Net

Images

ယ ခု ဒီ ဓာတ် ပုံ ဆိုဒ် လေး ကို တော့ ဆိုဒ် အ ပြောင်း အ လဲ ကြောင့် ခေတ္တ ပိတ် ထား ပါ တယ်။

ကြည့်ရှု့ရန် »

Www.SaiNayMinKha.Multiply.Com

SaiNayMinKha

ဒီ ဆိုဒ် လေး က တော့ ကျွန် တော့် ကို ဘ လော့ဂ် စ ရေး ဖြစ် အောင်၊ နည်း ပ ညာ တွေ သိ တတ် နား လည် လာ အောင် ပြု စု ပျိုး ထောင် လေ့ ကျင့် ခဲ့ ရ တဲ့ ပ ထ မ ဦး ဆုံး ဆိုဒ် လေး ပါ။

ကြည့်ရှု့ရန် »

« Previous Page | Next Page »

About Our Forum

Can't Catch Group

ဒီ CCG ဆိုတဲ့ ဆိုဒ်လေးကတော့ ကျွန်တော့်ရဲ့ ဘလော့ဂ်အတွက် Hosting ပိုင်းကအစ အစစအရာရာ ကူညီပေးထားတဲ့ ဆိုဒ်လေးဖြစ်ပါတယ်။ ကျွန်တော် အင်တာနက် စသုံးတော့ ပထမဦးဆုံး အသင်းဝင်ဖူးခဲ့တဲ့ ဖိုရမ်လေး တခုဆိုရင်လည်း မမှားပါဘူး။ အသင်းဝင်အချင်းချင်း စည်းလုံးပျော်ရွှင်ရင်း စကြ နောက်ကြနဲ့ မိသားစု ညီကိုရင်းပမာ အေးချမ်းစွာနဲ့ လည်ပတ်နေတဲ့ ဖိုရမ်လေးပါ။

Can't Catch Group ဆိုတဲ့အတိုင်း ဖမ်းမရတဲ့ သူတွေ စုစည်းပြီး တည်ထောင်ထားရှိတဲ့ နေရာလေးဖြစ်ပါတယ်။ အဝေးရောက်မြန်မာများ တစ်ဦးနှင့်တစ်ဦး ကူညီနိုင်ရန်၊ ရင်းနှီးမှု ရှိစေရန်နှင့် အပန်းပြေစေရန် ရည်ရွယ်၍ ဖျော်ဖြေရေး အပိုင်းကို ဦးစားပေး တင်ဆက်ထားပါတယ်။ လိုအပ်တာများ၊ ပြင်ဆင်ဖို့များ တွေ့ခဲ့ရင် အဖွဲ့ဝင်လို့ သဘောထားပြီး ဝေဖန်အကြံပြုနိုင်ပါတယ်။

image 2

CCG ရဲ့အုပ်စင်လေးဟာဆိုရင် အကျိုးအမြတ် တစ်စုံတစ်ရာ မျှော်လင့်ပြီး တင်ဆက်ထားတာ မဟုတ်ပါဘူး။ နိုင်ငံတစ်ကာမှာ ပြန်နှံ့နေတဲ့ စာပေချစ်သူများ၊ စာဖတ် ပရိတ်သတ်များ အတွက် တစ်ဒေါင့် တစ်နေရာကနေ ဖြည့်ဆီးပေးခြင်း ဖြစ်ပါတယ်။ တင်ရှိထားတဲ့ စာအုပ်များဟာလဲ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ စာအုပ်များကို တစ်စု တစ်စည်းထဲ ဖြစ်အောင် စုစည်း ပေးထားခြင်းပဲ ဖြစ်ပါတယ်။

« Previous Page | Next Page »

Address

Now @ Tachileik.
Phone : +66-876567763
Email : nweyoe@nweyoe.net

« Previous Page