3D Printed Lithophane Photo with Light box

 Lithophane ဆိုတာ နောက်ကနေ အလင်းရောင်ပေးလိုက်မှ ရုပ်ပုံ ပေါ်လာတဲ့နည်းပါ။ Layer တွေအထပ်ထပ်နဲ့ အလင်းအမှောင်တွေကို သုံးပြီး ပုံဖော်တာ။

ကျနော်လည်း မဆွဲတတ်ဖူး။ generator သုံးလိုက်တာ။

ထုတ်ပြီးနောက်တရက်မှ အကြံရလို့ box တခုပါ ထပ်ထုတ်ပြီး box ထဲ ထည့်လိုက်တာ။ generator website က ပေးတဲ့ box က ရောင်းတာမို့ ကိုယ့်ဟာကိုယ်ပဲ tinkercad မှာ စိတ်ကြိုက်ဆွဲ၊ tp4056 charger ကဒ်ရဲ့ usb type c  battery အထိုင်၊ ခလုပ်အတွက် အပေါက်လေးတွေထည့် စိတ်ကြိုက်ဖြစ်တော့ထုတ်၊

နောက်တညကျတော့ ပစ္စည်းတွေထည့်ဆင်နဲ့ အပျင်းပြေတာပေါ့။

အကုန်ဆင်ပြီး မီးဖွင့်မှ ဘက္ထရီတုံးက အရိပ်ကြီးပေါ်နေလို့ အပြင်ထုတ်လိုက်ရတယ်။ နောက်ထပ် ဘက္ထရီကို အပြင်မှာထားတဲ့ design ပြန်ဆွဲ ပြန်ထုတ်လိုက်ဦးမယ်။

အလင်းပေးချိန်

အလင်းမပေးမီ

www.tinkercard.com မှာသွားဆွဲထားတာ

tp4056 card ရဲ့ tpye-c charging အပေါက်နဲ့ ခလုပ်

tp4056 က 4.2V ထွက်တာ၊ အသင့်ရှိတဲ့ led strip က 7V မှရလို့ နောက်ထပ် bokster card လေးတခု သုံးပြီး V မြှင့်ထားတာ။


ကျနော်ဆွဲထားတဲ့ box design ကို အပြီးသတ်ဆွဲပြီးရင် ပြန်မျှပါ့မယ်။

သုံးထားတာတွေက 18650 Li-ion ဘက္ထရီတလုံး၊ သူ့ကိုအားသွင်းဖို့ tp4056 type-c card တကဒ်နဲ့ ခလုတ်ရယ် led strip တွေပါပဲ။

Previous
Next Post »