TP-4056 3D Printable Type-C enclosure (Cover)

 







Tp-4056 လို Li-ion battery charger ကဒ်ကလေးတွေဟာ ကျပ်ငွေ ၁ ထောင်မကျော်ပဲ ဝယ်လို့ရပြီး အရမ်းအသုံးဝင်ပါတယ်။ အထူးသဖြင့် 18560 li-ion battery တွေကို အားသွင်းပေးနိုင်လို့ အားသွင်းမီးလုံးတွေ၊ ခြင်ရိုက်တံတွေမှာ အစားထိုး သုံးကြတယ်။ အားသွင်းခေါင်းဟာ Type C, Micro usb, Mini usb စတာတွေနဲ့ ရွေးဝယ်လို့ရတော့ အားသွင်းကြိုး ပျောက်တဲ့ပြဿနာလည်း ရှင်းပြီးသားဖြစ်သွားတယ်၊ ဖုန်းကြိုးနဲ့ ကောက်သွင်းလိုက်ရုံပဲ။ ပြည်တွင်းက diy သမားတွေအကြိုက်ပါပဲ။ 





အသုံးပြုမယ့် ပစ္စည်းထဲကိုထည့်ပြီး အပေါက်ဖောက်ရင်သာ လက်ရာ မသပ်မရပ်ဖြစ်နိုင်တယ်။ အဲ့ဒီအတွက် case လေးတွေထုတ်ပြီး မလှမပဖြစ်နေတာကို ဖုံးထားလို့ရတယ်။ Type-C version အတွက် print ထုတ်ဖို့ ဖိုင်လိုက်ရှာတာ ကိုယ်နဲ့ကိုက်တာ မတွေ့လို့ tinkercad မှာပဲ သွားဆွဲပြီး ပြန်ရှယ်ပေးလိုက်ပါတယ်။

https://www.thingiverse.com/thing:6466641

(အပေါက်က အလယ်မတည့်ပါဘူး။ ကဒ်ရဲ့ ခေါင်းတွေကိုက အလယ်မတည့်တာပါ။ ကဒ် ၁၀ ကဒ်လောက်နဲ့ စမ်းကြည့်ပြီးပါပြီ။ ညာဖက်ကို နဲနဲယူပြီး ဖောက်ပေးမှ ကွက်တိဖြစ်လို့ အဲဒီအတိုင်း ပြန်ဆွဲထားတယ်။)

Latest
Previous
Next Post »