KG316TII Programmable Digital Timer Switch Relay


 ရေအောက် အပင်ကန်လေး တခု လုပ်ဖြစ်တော့ သူ့အတွက် မီးပေးရတယ်။ CO2 ပေးရတယ်။ မီးပေးတာကလည်း အချိန်နဲ့ ပေးရတာဆိုတော့ မနက်ကနေ မိုးချုပ်ထိ ဈေးသွားနေရတဲ့ ကျနော့်အတွက် အဆင်မပြေဘူး။ မနက်ဈေးသွားတဲ့အချိန် ဖွင့်ထားပေးခဲ့ရင်လည်း ကိုယ်က အိမ်ပြန်ဖြစ်ချင်မှ ပြန်ဖြစ်တာဆိုတော့ ပြန်မပိတ်ဖြစ်ပြန်ဘူး။ ညနေ ပြန်လာခါကျမှ ပေးတယ်ဆိုရင်လည်း သန်းခေါင်ကျော်ထပိတ်။ ဒါမှမဟုတ် သန်းခေါင်ကျော်ထဖွင့်ပြီး မနက်ကျတော့ ပိတ်ခဲ့။ အဲဒီလိုနဲ့ အလုပ်လည်း ရှုပ်တယ်။ မီးပေးချိန်လည်း မမှန်ဘူး။ မီးပေ့းချိန်မမှန်တော့ ကန်ထဲမှာ ကမောက်ကမတွေ ဖြစ်ကုန်ရော။

ဒါတွေကို ဒီ Timer Switch လေးက အကုန်ဖြေရှင်းပေးသွားတယ်။

ဈေးနှုန်း တသောင်းဝန်ကျင်သာ ကျသင့်မယ် ဒီပစ္စည်းလေးက ဘာတွေလုပ်လို့ရလဲဆိုတော့ -

Timer Program ကို ၁၆ ခု ပေးထားလို့ရတယ်။ တနေ့ကို အဖွင့်အပိတ် ၁၆ ခါ လုပ်လို့ရတယ်ပြောတာ။ ဒီတော့ ၁၆ ခါထဲမှာ ၁ ခါပဲ ကျနော်သုံးလိုက်ရတယ်။ Program 1 ရဲ့အဖွင့်ကို အချိန်တခု၊ အပိတ်ကို အချိန်တခု ထားလိုက်တော့ အပင်ကန်ရဲ့မီးအတွက် အဆင်ပြေသွားတယ်။ (CO2 ဖို့က Solenoid Valve တပ်ပြီး ဒီ စက်လေးကနေ မီးနဲ့အတူ ပြန်ခွဲသုံးလို့ရပါတယ်)

ဒါ့အပြင် တပတ်အတွင်းမှာ တပတ်လုံး တရက်မပျက်သုံးမှာလား။ ဒါမှမဟုတ်ရင် တရက်ခြား သုံးမှာလား။ ဒါမှမဟုတ် တနင်္လာကနေ သောကြာပဲ သုံးမှာလား။ စနေတနင်္ဂနွေပဲ သုံးမလားဆိုတာလည်း ရွေးလို့ရတယ်။

ဒါကြောင့် ငွေအနည်းငယ်သာ သုံးပြီး တော်တော်အဆင်ပြေသွားတယ်။ တခြားပုံစံမျိုးတွေလည်း လာပါတယ်။ မီးပလပ်တခါထဲ ပါပြီးသားမျိုးတွေပါ။ 

ဒီကောင်လေးက 25A ဆိုတော့ တခြားနေရာတွေ သုံးချင်လည်း သုံးလို့ရတယ်။ ရေမော်တာ ရေတင်တာတို့။ ပန်ကာဖွင့်တာတို့ ပန်းခြံမီး အိမ်ရှေ့မီး ဖွင့်တာတွေကို ကိုယ်လိုသလို သုံးလို့ရတာပေါ့။

Shop.com.mm မှာ ရှိပါတယ်။ 

Previous
Next Post »