BetaFPV Naked GoPro



Gopro Hero 7 Black ကို အခွံချွတ်ပြီး BetaFPV က အခွံနဲ့ အစားထိုးလိုက်တာ ဝိတ်အတော်လျော့သွားပါတယ်။ Power ကို Drone battery က သို့မဟုတ် Flight Controller ကနေ ပြန်ယူပါတယ်။ ဘာ Quality မှ မကျပဲ သာမန်အသုံးပြုသလို Quality ပါပဲ။ Setting ချချင်ရင် Lcd ပြန်တပ်ဖို့ နောက်မှာ အပေါက်လေး ပါပါတယ်။ ဒါမှမဟုတ် Gopro Lab က lab firmware တင်ပြီး Qr Scanner နဲ့ အသုံးပြုလို့ရပါတယ်။ https://youtu.be/hj7HwElr3NY ဒီမှာကြည့်ပါ။ အလေးချိန် အရမ်းနဲသွားပြီး အတော်ပေါ့သွားလို့ ပျံရတာလေးလည်း တော်တော်ကောင်းသွားပါပြီ။ အသေးတွေမှာလည်း တပ်သုံးလို့ ရသွားပါတယ်။


အရင်ဆုံး Lens cover ကို အပေါ်နဲနဲဆွဲပြီး လှည့်ဖြုတ်ရပါတယ်။ ပထမဦးဆုံးဖြုတ်တာဆိုရင် ဖြုတ်ရတာလေး အနည်းငယ် ခက်ပါတယ်။


Youtube Video တွေထဲမှာတော့ အပေါ်အခွံကို Heat gun နဲ့ အပူပေးပြီး ကော်ကွာမှ ဖြုတ်ကြပါတယ်။ ဒါပေမယ့် အပေါ်ခြမ်းပျက်စီးသွားပြီး ပြန်သုံးမရတော့ပါဘူး။ ဘေးနား ၂ ဖက်မှာ အပေါက်လေး ၂ ခုရှိပါတယ်။ အဲဒီထဲကို ( ကျ​နော်က Atm card လိုမျိုး၊ guitar pick လိုမျိုး ထည့်ပြီး ခွာပါတယ်) အထဲ နဲနဲထိုးထည့်ပြီး ကော်ခွာလို့ရပါတယ်။


အပေါ်ခွံ ကွာသွားရင် အထဲက Board ကို ဖြုတ်ဖို့ စကူ ၆ လုံးရှိပါတယ်။ နတ်ဖြုတ်ပြီးရင် အသာလေး ဆွဲထုတ်ရပါတယ်။ Power cable တွေနဲ့ ribbon cable တွေ တွဲလျက် ရှိပါတယ်။


အနည်းငယ် အပေါ်ကို ထွက်လာရင် Power cable နဲ့ ribbon cable တွေကို ဇာဂနာနဲ့ အပေါ်ကို လှန်လိုက်ရင် ကျွတ်ပါတယ်။




USB port တွေဖြုတ်ဖို့ရာ lens ကိုလည်း ခန ဖြုတ်ရပါမယ်။ Lens က အတွင်းထဲမှာ စကူလေး တလုံးရှိပါတယ်။ အဲဒါဖြုတ်ပြီးမှ lens ကို ဆွဲထုတ်ရပါတယ်။



lens သတ်သတ်၊ board သတ်သတ် ဖြစ်သွားပါပြီ

ဒါက Betafpv က naked cover ပါ။


မေ့လို့.. ​ရှေ့ပိုင်းက lcd လေး ဖြုတ်ရပါသေးတယ်။
တခြမ်းစီဆိုတော့ ဖြုတ်ရ လွယ်ပါတယ်။

Lens ကို ပြန်တပ်ပါမယ်။
ပြီးရင် beatfpv က pdb ကို တပ်ပါမယ်။ အသာလေးကောက် စွပ်လိုက်ရုံပဲ။ gopro board နဲ့ pdb နဲ့က ဆော့ကတ်ကွက်တိ။ အပေါ်က ဆားကစ် ထပ်တိုးမှန်းတောင် မသိသာပါဘူး။


BetaFPV က Circuit ကို ကောက်စွပ်ထားတာ သိတောင် မသိသာပါဘူး။

အခွံမှာ ကောက်စွပ်လိုက်ရုံပါပဲ။ ပြီးရင် ပါလာတဲ့ စကူတွေနဲ့ ကြပ်၊ မီးလုံးလေးထည့်။


၂၆ ဂရမ်ပဲ ရှိတော့တယ်။


Drone မှာတပ်ဖို့ အစွပ်လေးကို 3D Print ထုတ်တယ်။



အဆင်သင့်ပြီဆိုတော့ ကောက်တပ်ရုံပဲ၊ Power ကို Drone ရဲ့ Battery က သို့မဟုတ် Flight controller ကနေ ယူပါတယ်။



အရင်က GoPro Full Size တင်ထားတာနဲ့ ယှဉ်ကြည့်တာနဲ့ပဲ သိသာပါတယ်။ အလေးချိန် အတော် လျော့သွားပြီး ပျံရတာ အရမ်းကောင်းသွားပါတယ်။ မဟုတ်ရင် Gopro ကို Power ကောင်းကောင်းနဲ့ နိုင်ဖို့ 6s Setup ထပ်လုပ်နေရင် Drone နောက်တစီး အပိုရပါတယ်။ 😂😂😂


ကလိထားတာကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Nwe Yoe
29-Oct-2021
Latest
Previous
Next Post »