DJI FPV Digital System ရှင်းလင်းချက်

 


(ပထမဆုံး ပြောချင်တာက အခုအချိန်မှာ ဘာမှ မဝယ်ပါနဲ့။ 


ပျံလို့ လွှတ်လို့ ရတဲ့အခြေအနေလည်း မဟုတ်ဖူး။)

(ဒုတိယ ပြောချင်တာက အမှတ်မှားပြီး မှားမဝယ်မိအောင် ဒီစာလေးတော့ အနည်းငယ် ဆက်ဖတ်စေချင်ပါတယ်)

မနှစ်က Dji က FPV Digital System အသစ်တခု ထုတ်ခဲ့ပါတယ်။

FPV Goggles (မျက်မှန်) နဲ့ သူနဲ့တွဲသုံးရမယ့် Air unit ရယ်ပါ။ 

ကျနော်လက်ရှိသုံးနေတာက Analog System ပါ။ 

Dji က အသစ်ထုတ်လိုက်ပြီး Fpv လောကမှာ တခေတ်စမ်းစေခဲ့ပါတယ်။ 

တော်တော်များများလည်း လက်ခံပြီး သုံးကြပါတယ်။ (အသေးစိတ် အချက်အလက်တွေက Myanmar FPV Racers Page မှာ ရေးထားဖူးပါတယ်) 

Dji ရဲ့ Digital Goggles ကို သတ်သတ် ဝယ်လို့ရသလို Air unit ကိုလည်း သတ်သတ် ဝယ်လို့ရပါတယ်။ ပြီးမှ Drone မှာတပ်တပ် လေယာဉ်မှာတပ်တပ် ရပါတယ်။ ( ညာဖက်က အပြာခံနဲ့ ပုံကို ကြည့်ပါ။) 

Goggles ပဲဝယ်ပြီး အရင်က Analog Receiver တွေလည်း တပ်သုံးလို့ရပါတယ်။ Drone အဟောင်းတွေကို ပြန်ပြင်စရာ မလိုဘူး။ Air unit ဖိုးသတ်သတ် မကုန်ပါဘူး။ Digital System တော့ ဖြစ်မလာဘူး။

ဈေးကြီးပါတယ်။ ကိုယ့် ယာဉ်ပေါ်မှာတပ်မယ့် Air unit ကတင် ဒေါ်လာ ၁၅၀ ဝန်းကျင် ရှိပါတယ်။ Air unit ချည်း သတ်သတ်နော်။ ဒရုန်းတွေ ဘာတွေ ဘာမှ မပါဘူး။

ဘယ်ဖက်က အဖြူခံနဲ့ Goggles တွေကကျတော့ Dji က အရင်ကထုတ်ခဲ့တဲ့ Goggles တွေပါ။ Mavic တို့ Phantom တို့ကို FPV အနေနဲ့ မောင်းလို့ရအောင် ထုတ်ခဲ့တဲ့ဟာတွေပါ။ 

အဲဒါတွေနဲ့ အပေါ်မှာပြောခဲ့တဲ့ Digital System နဲ့က တခြားစီပါ။ အဲဒါတွေ ဝယ်ပြီးတော့ လေယာဉ်ပေါ်တင်မယ်၊ ကိုယ့် racing/free style drone မှာတင်မယ်ဆိုပြီး air unit ကြီးလည်း ဝယ်လို့ မရပါဘူး။ ချိတ်လို့ မရပါဘူး။ 

Mavic/Phantom သမားတွေ ဖုန်းမှာ မြင်ရတဲ့ view ကို မျက်မှန်နဲ့ ကြည့်ခိုင်းလိုက်တာပါပဲ။

အဲဒီတော့ ကိုယ်က လိုအပ်လား မလိုအပ်လား သေချာကြည့်ပြီးမှသာ ဝယ်ကြပါ။

ကျနော့်အနေနဲ့ကတော့ မဝယ်စေချင်ဘူး။ အသုံးမှ မဝင်တာ။ ပျံနေကြတဲ့သူတွေ သိမှာပါ။

စာကြွင်း ။    ။ရေးထားရတာ သိပ်တော့ မရှင်းဘူး၊ ကိုယ်တိုင်ပြန်ဖတ်ရတာလည်း သိပ်တော့ မကောင်းဘူးရယ်။ နဲနဲပါးပါး နားလည်မယ်လို့တော့ မျှော်လင့်ပါတယ်။

Previous
Next Post »