Facebook / Youtube Live Stream Using FFmpeg

Facebook ​နဲ့ Youtube ​မှာ ​ကိုယ့်​စက်​ထဲ ​ရှိ​တဲ့ Video ​ဖိုင်​ကို Live ​လွှင့်​ဖို့​ရာ ​ဆော့ဖ်​ဝဲလ် ​သတ်​သတ် ​သွင်း​နေ​စ​ရာ ​မ​လို​ပါ​ဘူး။ ffmpeg ​ကို ​စက်​ထဲ ​သွင်း​ထား​ရင် Code ​တ​ကြောင်း​ထဲ ​ရိုက်​ပြီး ​လွှင့်​လို့​ရ​ပါ​တယ်။ Facebook ​နဲ့ Youtube ​က​ပေး​တဲ့ Key ​တော့ ​လို​အပ်​ပါ​တယ်။

FFMPEG ​ကို ​သွင်း​ဖို့ Terminal ​မှာ ​အောက်​ပါ​အ​တိုင်း ​ရိုက်​ပါ

sudo add-apt-repository ppa:mc3man/trusty-media
sudo apt-get update
sudo apt-get install ffmpeg

​ပြီး​ရင် Facebook ​ကို ​ဝင်​ပြီး Live ​ကို ​နှိပ်​ပါ​က ​အောက်​ပါ​အ​တိုင်း ​တွေ့​ရ​ပါ​လိမ့်​မယ်။ ​အ​ဓိ​က ​လို​အပ်​တာ​က Facebook ​က ​ပေး​တဲ့ key ​ပါ။ ​အ​နီ​ရောင် ​ဝိုင်း​ပြ​ထား​ပါ​တယ်။ ​အဲ​ဒါ​ကို ​ယူ​ပါ။

FFMPEG Live Stream - Nwe Yoe
Facebook Live


 ​အောက်​က ​ကုဒ်​ထဲ​က <key> ​ဆို​တဲ့​နေ​ရာ​မှာ ​ပြောင်း​ထည့်​ပါ။ para.mp4 ​ဆို​တဲ့​နေ​ရာ​မှာ ​ကိုယ်​လွှင့်​မယ့် Video ​ဖိုင်​အ​မည်​ကို ​ပြောင်း​ပါ။ (Video File ​က Desktop ​ပေါ်​မှာ ​ရှိ​တယ်​ဆို​ရင်   Terminal ​မှာ cd Desktop ​ဆို​တာ ​အ​ရင်​ရိုက်​ပြီး ​လမ်း​ကြောင်း​အ​ရင် ​ပြောင်း​ထား​ပါ။)

Enter ​နှိပ်​လိုက်​တာ​နဲ့ ​စော​စော​က Facebook Live ​နေ​ရာ​မှာ Connect ​ပြ​သွား​ပါ​လိမ့်​မယ်။ ​ကိုယ်​လွှင့်​မယ့် Video ​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​ခေါင်း​စဉ်​တွေ ​အ​ကြောင်း​အ​ရာ​တွေ ​ထည့်​ပြီး Go Live ​ကို​နှိပ်​လိုက်​တာ​နဲ့ ​ကိုယ့်​စက်​ထဲ​မှာ ​ရှိ​တဲ့ Video File ​က Live ​ဖြစ်​နေ​ပါ​ပြီ။

ffmpeg -re -i para.mp4 -acodec libmp3lame  -ar 44100 -b:a 128k -pix_fmt yuv420p -profile:v baseline -bufsize 512k -vb 400k -maxrate 1500k -deinterlace -vcodec libx264 -preset medium -g 30 -g $((30 * 2)) -r 30 -f flv "rtmp://rtmp-api.facebook.com:80/rtmp/<key>"

Youtube ​ဆို​ရင်​တော့ rtmp ​မှာ ​အောက်​ပါ​အ​တိုင်း ​ပြောင်း​ပါ။ key ​ဖိုင်​ကို​လည်း Facebook ​မှာ ​ယူ​သ​လို Youtube ​မှာ​လည်း ​ယူ​ပြီး ​ပြောင်း​ထည့်​ပါ။
"rtmp://a.rtmp.youtube.com/live2/<key>"

​အ​ဓိ​က​အ​ချက်​က key ​ကို ​သူ​များ​ကို share ​မ​လုပ်​မိ​ဖို့​ပါ​ပဲ။ ​တ​ခြား​တ​ယောက်​က ​ရ​သွား​ရင် ​သူ​က ​ကိုယ့်​အ​ကောင့်​နဲ့ Live ​လွှင့်​လို့ ​ရ​သွား​ပါ​လိမ့်​မယ်။

​နည်း​လမ်း​ပြ​သ​ပေး​တဲ့ ​ကို​စည်​သူ​ကို ​ကျေး​ဇူ​တင်​ပါ​တယ်
Previous
Next Post »