ဝေးဝေးသွား မြင့်မြင့်ပျံ

ဝေးဝေးသွား မြင့်မြင့်ပျံဖို့ ဘာတွေ လိုအပ်သလဲဆိုရင် 

✈ Stable ဖြစ်နေတဲ့ လေယာဥ်တစ်စီး ဦးစွားလိုအပ်မယ်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်လို့ရတယ်။ ဂလိုက်ကောင်းတာ ရွေးချယ်ကြသလို Speed မြန်မယ့်ဟာ ရွေးကြတယ်။ ကိုယ်သွားမယ့် ခရီးအတွက် ဘက္ထရီ၊ လောင်စာ များများသယ်နိုင်မယ့်ဟာ ရွေးကြတယ်။ ကျနော်က Mini Talon, Mini Snow Goose, Ranger Ex , Sky Hunter တွေ ရွေးပါတယ်။ 

✈ အနည်းဆုံး 6 Channel ရှိတဲ့ Radio Transmitter တစ်လုံး လိုအပ်တယ်။ Flysky i6 နဲ့ 80km လောက်သွားလို့ရတယ်ဆိုရင် အံ့သြသွားမလား၊ မအံ့သြပါနဲ့ Long Range UHF တခုခုတော့ တပ်ရမှာပါ။ i6 မှာတပ်လို့ရပါတယ်။ တချို့ UHF တွေက တိုက်ရိုက်တပ်စရာ မလိုပဲ Repeater အနေနဲ့ သုံးလို့ရတယ်။

✈ Long Range UHF တစ်ခုလိုမယ်။ 433 ဖြစ်ဖြစ် 915 ဖြစ်ဖြစ်၊ ဒါပါမှပဲ ဝေးဝေးသွားလို့ ရမှာကိုး။

✈ Flight Controller with GPS 
ဘာလို့ လိုအပ်သလဲဆိုတော့ Flight Controller ထဲမှာ Stablize Setting တွေ RTH (Return to Home) setting တွေထည့်ရမယ်။ GPS ကမှတ်ထားမယ့် Home Point ကို Flight Controller က သိမှ အိမ်ပြန်လာလို့ ရမယ်လေ။ ကိုယ်ကအဝေးကြီး မမြင်ရတဲ့အထိ လွှတ်လိုက်ပြီးမှ အိမ်ပြန်မလာတတ်ရင် ပလုံပဲ။ 


✈ Flight Controller အများကြီးရှိသလို Software တွေလည်း အများကြီးရှိပါတယ်။ Ardupilot, iNav စသည်ဖြင့် ကိုယ်ကြိုက်တာ ရွေးတင်လို့ရတယ်။ Ardupilot က လူသုံးများသလို လုပ်ကိုင်ရတာလည်း လွယ်ကူပါတယ်။ တခု အကြံပေးချင်တာက APM လို ဒိတ်အောက်နေတဲ့ Flight Controller တွေတော့ မသုံးသင့်တော့ဘူး။ ဒိတ်အောက်တယ်ရယ်လို့လည်း မဟုတ်ပါဘူး၊ အသစ်ထွက်တဲ့ firmware တွေကို update မပေးတော့တာပါ။ 
Matekays က ထုတ်တဲ့ဟာလေးတွေကတော့ အတော်အဆင်ပြေသလို ကြိုးလည်းမရှုပ်တော့ပါဘူး။ 
GPS ကတော့ ကိုယ်ကြိုက်ရာ သုံးလို့ရတယ်၊ Compass ပါတဲ့ဟာလေးတွေက ပိုကောင်းပါတယ်။ 

✈ နောက်ထပ်လိုအပ်တာကတော့ FPV 
FPV လို့ပြောတာနဲ့ Fpv Camera လိုမယ်။ Video Transmitter, Receiver, Monitor နဲ့ Antenna တွေ လိုအပ်မှာပါ။ ကိုယ့်လေယာဥ်က ဝေးဝေးသွားမှာမို့ မျက်စိတိုက်ရိုက် မမြင်ရတော့တဲ့အခြေအနေမှာ FPV system က အကူအညီပေးမှာပါ။ 
Video Transmitter ရွေးချယ်တဲ့နေရာမှာ 1.2, 1.3,2.4,5.8 စသည်ဖြင့် ရွေးရပါတယ်။ 2.4 က Radio Transmitter နဲ့ ငြိနိုင်တဲ့အတွက် 5.8,1.2,1.3 တွေ သုံးကြပါတယ်။ အကောင်းဆုံးကတော့ 1.2, 1.3 ပါ၊ 5.8 က mid range အတွက်ပဲ ကောင်းပါတယ်။ 

ရွေးချယ်ထားတဲ့ Video Transmitter က Watt များတာရယ် တပ်ဆင်ထားတဲ့ Antenna တွေရယ်၊ Ground က receive လုပ်မယ့် Antenna တွေအပေါ်မူတည်ပြီးမှ ဝေးဝေးသွားလို့ရပါမယ်။
HD camera လေးထပ်တပ်ပြီး record ယူရပါမယ်။ 

ဒါတွေဟာ အခြေခံပဲ ဖြစ်ပါတယ်။ လက်တန်းချရေးထားလို့ မပြည့်စုံပေမယ့် တနေရာရာမှာ အထောက်အကူ ပြုမှာပါ။

လေယာဥ်ရဲ့ အလေးချိန်တွေ ချိုးထားတဲ့ပုံစံတွေ ဆင်ထားတဲ့ power setup အပေါ်မှာ မူတည်ပြီးလည်း လေပေါ်မှာ ပါဖောမင့်ကောင်းကောင်းနဲ့ ကြာကြာနေနိုင်ဖို့ တပ်ဆင်တည်ဆောက်တတ်ရသလို အသုံးပြုတဲ့ ပစ္စည်းတွေ၊ Software တွေအ​ကြောင်းလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။

Previous
Next Post »