Xiaomi MI Wifi Repeator 2

အကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ Mi Wifi repeater လေး။

Telenor broadband ဝယ်တပ်ပြီး အဆင်မပြေတာ တစ်ခုက စက်ကိုအိမ်အပေါ်မှာထားရင် အောက်ထပ် အခန်းတွေထဲက သုံးမရဘူး။ လိုင်းကို မရှိ မမိတော့တာ။ အောက်ထပ်မှာထားရင် အပေါ်ထပ်အခန်းတွေထဲ လိုင်းတထစ်ပဲ မိတယ်။ အပေါ်မှာထားရင် ခြံနောက်ထဲလည်း မရတော့ဘူး။

Router ဝယ်ရင်လည်း broadband စက်ဖိုးနီးပါး ပေးရဦးမယ်။

### ဒါနဲ့ mi repeater လေး ကိုရဲသူစိုးနားက ငှါးပြီး စမ်းကြည့်တာ တစ်အိမ်လုံး တစ်ခြံလုံး ကြိုက်တဲ့နေရာက နေ လိုင်းအပြည့်မိပြီး သုံးလို့ရသွားတယ်။

Mi repeater က ဖုန်းအားသွင်းခေါင်းမှာ Usb ထိုးသလိုတပ်။ ပြီးရင် မီးပလပ်မှာ ထိုးလိုက်ရုံပဲ။

Setting ချဖို့ရာ Mi Home ဆိုတဲ့ App တစ်ခု ဖုန်းထဲမှာ ထည့်ရတယ်။ Mi Home ကို ဖွင့်လိုက်တာနဲ့ account login ဝင်ရတယ်။ ပြီးရင် add device ကနေ အနီးနားမှာရှိတဲ့ Mi device ကို Bluetooth ဖွင့်ပြီး ရှာပေးတယ်။

Mi Repeater ကို ကလစ်နှိပ်ပြီး ဖုန်းနဲ့ အရင်ချိတ်၊ ပြီးရင် Mi Repeater ပုံလေးကို ကလစ်နှိပ်ပြီးဝင်။ မိမိ အသုံးပြုနေတဲ့ အင်တာနက် Wifi လိုင်း။ ကျနော်ဆို Telenor လိုင်းကိုချိတ်၊ အဲဒီမှာပေးထားတဲ့ Password ကို ရိုက်ပြီး Connect လိုက်ရုံနဲ့ သူ့ဟာသူပဲ ချိတ်ဆက်သွားလိမ့်မယ်။

Wifi လိုင်းကို Scan လိုက်တာနဲ့ မူရင်း လွှင့်ထားတဲ့ လိုင်းနာမည်မှာ Plus_Mi ဆိုတဲ့ နောက်ထပ် Wifi တစ်လိုင်းကို တွေ့ရမှာပါ။ ပထမ စက်မှာပေးထားတဲ့ Password နဲ့ ဝင်ပြီး သုံးလို့ရပါပြီ။

ကျနော်ပြောတာ သိပ်မပြည့်စုံပါဘူး။ Google သာ ခေါက်ကြည့်ကြပါ

Previous
Next Post »