Radiolink AT9 နဲ့ AT9s ကို Upgrade လုပ်ဖို့ Transmitter ရဲ့ Driver ရယ် Firmware ဖိုင်ရယ် Firmware တင်ဖို့ Software ရယ် USB ကြိုးတစ်ချောင်းရယ် ကွန်ပျူတာရယ် လိုအပ်ပါတယ်။
Driver ကတော့ Transmitter ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် ကွန်ပျူတာက သိအောင် လိုအပ်တာပါ။
Firmware ကတော့ ယခု နောက်ဆုံးဗားရှင်း 1.7.8 ဖြစ်ပါတယ်။
ဒီနောက်ဆုံးဗားရှင်းမှာ Boat နဲ့ ကားအတွက်ပါ Model တွေပါလာပါတယ်။
တင်မယ့် Software ကတော့ ၂ မျိုးရှိပါတယ်။ တစ်ခုက မူလရှိနေတဲ့ Firmware ကိုပါ Backup လုပ်ထားလို့ရပါတယ်။ နောက်တစ်ခုကတော့ တင်ရုံသက်သက်ပဲရပြီး အရမ်းကို ရိုးရှင်းပါတယ်။
အောက်ပါ ဖိုင်တွေကို Download ပြုလုပ်ပါ။ Firmware ကို နောက်ဆုံးဗားရှင်းကို ထည့်ပေးထားပါတယ်။ File Size က 25 MB ရှိပါတယ်။
![]() |
ဒါက ကွန်ပျူတာမှာ Radiolink ရဲ့ Driver မရှိလို့ ပေါ်နေတာပါ၊ |
ရလာတဲ့ Zip ဖိုင်ကို ဖြည်ပြီးရင် win8Driver_Install ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ။ အဲဒီထဲက zadig ဆိုတဲ့ Software ကို ဖွင့်ပါ။ အဲဒါက AT9 ရဲ့ Driver ကို ကွန်ပျူတာမှာ သွင်းဖို့ဖြစ်ပါတယ်။
Software ပွင့်လာရင် Transmitter ရဲ့ အောက်ခြေက USB အပေါက်ကနေ ကို USB ကြိုးထားပါ။
ကွန်ပျူတာနဲ့ ချိတ်ဆက်ပါ။ (Power ဖွင့်ပြီး မချိတ်ပါနဲ့)
USB ထိုးပြီးမှ Transmitter ကို Power ဖွင့်ပါ။ Transmitter မှာ မီး အစိမ်းနဲ့ အနီလေး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေပါလိမ့်မယ်။
ဒါဆိုရင် Software မှာ AT9 Transmitter ကို တွေ့ကြောင်း ပေါ်လာပါလိမ့်မယ်။
Install Driver ကို နှိပ်ပါ။
Installation Completed ဖြစ်သွားရင် USB-util_1.2_win7 ဆိုတဲ့ Folder ကို ဖွင့်ပါ။
အဲဒီထဲကမှ USB-util ဆိုတဲ့ Software ကို ဖွင့်ရမှာပါ။ မဖွင့်ခင် အဲဒီ ဖိုင်ကို Right Click နှိပ် Properties ကိုသွားပြီး Compatibility Tab မှာ Windows 7 ပြောင်းပါ။ (ကျနော်က Windows 10 သုံးနေတဲ့အတွက် Software နဲ့ မကိုက်မှာစိုးလို့ Windows 7 ကို ပြောင်းတာပါ။
ပြီးရင် Run this programs as administrator ကို အမှန်ခြစ်ပေးပါ။
၎င်းနောက်မှ Software ကို ဖွင့်ပါ။ အရမ်းကို ရိုးရိုးရှင်းရှင်းလေး ပွင့်လာပါလိမ့်မယ်။
Choose ကိုနှိပ်ပြီး Download လုပ်တုန်းက ပါလာတဲ့ AT9(AT9S)1-7-8.dfu လေးကို ရွေးပေးလိုက်ပြီး Download ခလုပ်ကို နှိပ်လိုက်ပါ။
Firmware တင်နေပါလိမ့်မယ်။ ခနသာ စောင့်ရပါတယ်။ ပြီးသွားလို့ Completed ဖြစ်သွားရင် Transmitter ကို Power Off ၊ ကြိုးဖြုတ်ပြီး Power ပြန်ဖွင့်လိုက်ရင် ယခုနောက်ဆုံး ဗားရှင်း 1.7.8 ကို ရပါပြီ။
Firmware တင်တာဟာ သူပေးထားတဲ့ Official Software တွေ Driver တွေ Firmware ဖိုင်တွေနဲ့ တင်တာ ဖြစ်ပါတယ်။ ကျနော် လေ့လာစမ်းသပ်မိသမျှကို မှတ်တမ်းအနေနဲ့ တင်ထားရင်း ပြန်လည် ဝေမျှခြင်းပဲ ဖြစ်ပါတယ်။ Error တစုံတရာဖြစ်ပါက ကျနော်လည်း တာဝန်မယူနိုင်ပါဘူးခင်ဗျာ။ ကြည့်ပြီးသာ ကလိကြပါ။
EmoticonEmoticon